နှုတ်ခမ်းပါးပါးလေးနဲ့ 
ပိုးထိုးထားတဲ့ သစ်သီးတလုံး
အဲဒါ ငါ့ အသည်းနှလုံးပေါ့။
ရက်စက်မှု အမှိုက်ပုံးထဲမှာ
တိတ်တိတ်ကလေးသေနေတယ်။
လှုပ်ရုံလေးပဲ တိုက်ခဲ့ပေါ့လေပြေ။
အခုတော့ ကြွေအောင်တိုက်ပြီး
ရက်ရက်စက်စက်နင်းခြေမယ့် ခြေဖဝါးတွေအောက် သယ်ဆောင်သွားရသလား။
ရတယ်….လုပ်လိုက်ပေါ့။
လက်ကျန် သံယောဇဉ်တွေကို
ပူပေါင်းလေးတွေလို မိုးပေါ်လွှတ်တင်လိုက်ပြီပေါ့
သံယောဇဉ် ဖဲကြိုးလေးကိုလည်း
ဓားလို ပါးတဲ့ နှုတ်ခမ်းလေးနဲ့  ခုပဲ ဖြတ်လိုက်ပါ။
ငါ့ဈာပန ကို အခု ကျင်းပမလို့ ။
ကောင်းကင်ကို
ရတု @ 2011
11 years ago
ကြွေတယ်ဗျာ..
ReplyDeleteဈာပနတဲ့လား။ မိုက်တယ် ကဗျာလေးက။
ReplyDeleteငိုနေတဲ့ ကဗျာလေးကို နှုတ်ခမ်းပါးလေးက အမြန်ဆုံး ချော့ဖြစ်ပါစေလို့...။
ReplyDeleteနုတ်ခမ်းပါးလေးတွေနဲ့ ဆက်ဆံရရင် သတိထားနိုင်ကာမှစီနီယာကြီးရေ။
ReplyDeleteအစ်ကိုရေ ဘူဒူ့ကို လွမ်းနေတာတုန်းဗျ။ ကြေငြာဦးလေ။ ဟားဟား နောက်တာပါ။ ကဗျာလေး ကောင်းတယ် အကို။ ကျွန်တော် နောက်ဆုံး အပိုဒ် အကြိုက်ဆုံးပဲ။
ReplyDeleteကောင်းကင်ရေ.. ဘာတွေဖြစ်။ ပွဲတော်တော် ကြမ်းပုံရတယ်။
ReplyDeleteကောင်းလိုက်တဲ့ကဗျာအကိုရယ်....အကုန်ကိုကောင်းတာ
ReplyDeleteဆရာရေ ကဗျာလေးက မိုက်တယ်။ သဲဆရာက တော်ပြီးရင်း တော်လို့ပါလား။
ReplyDeleteနှုတ်ခမ်းပါးပါးလေးနဲ့ 
ReplyDeleteပိုးထိုးထားတဲ့ သစ်သီးတလုံး
အဲဒါ ငါ့ အသည်းနှလုံးပေါ့။
ရက်စက်မှု အမှိုက်ပုံးထဲမှာ
တိတ်တိတ်ကလေးသေနေတယ်။
မိုက်တယ်ညီလေးရေ....ကြိုက်တယ်