တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်တဲ့။
ဒုက္ခကြက်သွန်ကို မွေးကတည်းက ကိုက်ပြီးမွေးလာတာ။
အစွယ်လေး တပြပြနဲ့ လာပြီးခြိမ်းခြောက်မနေနဲ့ ၊
လုံးဝ မကြောက်ဘူးဟေ့။
ဧရိယာစတုရန်းမိုင်ပေါင်း
နှစ်သိန်းခြောက်သောင်းကျော် ရှိတဲ့အခန်းကျဉ်းလေးထဲမှာ
ဘီလူးတစ်ကောင် ငါတို့ ကို ချောင်ပိတ်ပြီး ဝင်ရိုက်ကတည်းက
ငါတို့ နဖူးက ကွဲခဲ့ပြီးသားပါ။
ပေါက်တဲ့ နဖူး မထူးတော့ပါဘူး။
ခေတ်ရဲ့ အမှောင်အောက်မှာ
ငါဟာ အသေအချာပျောက်ခဲ့တာပေါ့။
ပျောက်နေတဲ့ ငါ့ကိုငါ ပြန်ရှာဖို့ 
ဒုက္ခတွေ စူးနေတဲ့ ခြေထောက်နဲ့ 
အိပ်မက်တွေအတိုင်း လိုက်လျှောက်မယ်။
စင်္ကြာဝဠာ အပြင်ဘက် ရောက်ချင်ရောက် ပလေ့စေ။
လိုက်ခဲ့ကြ ဘဝတူတို့ ၊
ညမို့ လို့  ကြယ်ဖြစ်ခွင့်ရတာ
ရှိသမျှ အရောင်လေးနဲ့ အလင်းပေးဖို့ 
မိုးပေါ်မှာ ဆုံကြမယ်လေ။
ကောင်းကင်ကို
ရတု @ 2011
11 years ago
စကာင်္ပူမှာဆုံမယ်ဆိုပြောတော့...မိုးပေါ်တက်ဖို့ ကျွန်တော့်မှာဗီဇာမရှိဘူးဗျ...ဒါပဲနော်...ပြောပြီးရင်တော့ မရောက်ရောက်အောင်လာခဲ့..ဒါပဲ...ဒီမှာခင်ဗျားစိတ်တိုင်းကျပြုစုမယ်..:)
ReplyDeleteလိုက်ခဲ့ကြ ဘဝတူတို့ ၊
ReplyDeleteညမို့ လို့  ကြယ်ဖြစ်ခွင့်ရတာ
ရှိသမျှ အရောင်လေးနဲ့ အလင်းပေးဖို့ 
မိုးပေါ်မှာ ဆုံကြမယ်လေ။
အစ်ကိုကောင်းကင်ရဲ့ ဒီတစ်ပိုဒ်လေးကို တော်တော်သဘောကျတယ်
ဆရာအကိုရေ
ReplyDeleteကဗျာလေး ဖတ်သွားပါတယ်။ မိုးပေါ်မှာဆုံဖို့ ကြိုးစားကြမယ်နော်။
လေးစားစွာဖြင့်
မေပျို