skip to main |
skip to sidebar
ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ(ဧည့် စာရင်း တိုင်ရတယ်လေ)ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ” မြို့ လေးမှာ။ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ)ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရတဲ့ မြို့ လေးမှာကောင်းကင်ကိုကဗျာအဟောင်းလေးကိုပဲ ပုံနဲ့ ပြန်တင်လိုက်ပါတယ်။
ကောင်းတယ်ဗျို့။
ReplyDeleteရှင်းရှင်းလေးနဲ့ ထိတယ်။
သင်ကာ
ဒါပေမယ့်...အဲဒီ ငါနေတဲ့နေရာလေးကိုပဲ အသက်လောက်ချစ်၊ သံယောဇဉ်တွေရစ်ငင်နေတော့...။
ReplyDeleteဒီကဗျာရေးတဲ့ ပုံစံကြိုက်တယ် ကောင်းကင်ရေ။
ReplyDeletekaung lite tar
ReplyDeleteငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ.. ဘာအဓိပ္ပါယ်လဲဟင်.. ?
ReplyDeleteဒီကဗျာလေးဖတ်ပြီး ပြုံးမိတယ်.. idea လေးကောင်းတယ်။
အစ်မရေ။ ဘတ်စ်ကားပေါ်မှာ ငရဲ ခံရတာကိုပြောတာပါ။ အဝေးကြီး စီးရတဲ့ လူတွေကတော့ တစ်နာရီ မကဘူးပေါ့။
ReplyDeleteကြိုက်တယ်ဗျို့ ..
ReplyDelete