Thursday, October 14, 2010

ဒီပုတ်ထဲက ဟိုပဲ

မျက်မမြင်တယောက်က
နောက်မျက်မမြင်တယောက်ကို
သံချေးတက်နေတဲ့ ဓားဟောင်းကြီးနဲ့ထောက်
‘မင်းရှေ့မှာ ချောက်’ လို့ ခြောက်တယ်၊
ဟိုကလည်း မကြောက်
သူကြားဖူးတဲ့ ချောက် မဟုတ်လို့။

မလိမ်ညာဖို့ ဆုံးမနေတဲ့ အရာတွေ ကိုယ်၌မှာ
ဘာလို့မုသားတွေ ပါနေရတာလဲ။

ရှေးရှေးကလင်းခဲ့ဖူးတဲ့ ကြယ်တပွင့်
မြေပြင်ပေါ်ကို ခုန်ချ
ခုခေတ် လူတွေကို ပြောတယ်။
ငါရေးခဲ့တဲ့ ဝတ္ထု ‘ဥုံဖွ’ ကို
မင်းတို့ဘာလို့ ယုံကြတာလဲ။

ဒီလိုနဲ့ ပဒေသရာဇ်ခေတ်က အာဂအရိုးစုတွေ ပြန်ထ
အိုင်တီခေတ်ရဲ့ အံကြိတ်ငြင်းနေတဲ့ လူတွေကို ရယ်ကြတယ်။
မင်းတို့ တကယ့် ‘ငအ’ တွေတဲ့။

ကျနော်လား
ဒီပုတ်ထဲက ဟိုပဲ
ဖြစ်နိုင်ရင်တော့
ဘုရားသခင် လက်ထဲက သေနတ်ကိုလုချင်တယ်။
ကောင်းကင်ကို

8 comments:

  1. သေနပ်လုပြီး ဆူးနဲ့စိုက်လုပ်ကြံမို့လား။ :)

    ReplyDelete
  2. ဖြိုးအောင်October 15, 2010 at 1:11 AM

    မလိမ်ညာဖို့ ဆုံးမနေတဲ့ အရာတွေ ကိုယ်၌မှာ
    ဘာလို့မုသားတွေ ပါနေရတာလဲ။

    အဲ့ဒီစာသားလေးက တကယ်ပဲ ရင်ကိုတိုက်ရိုက်လာထိတယ်ဗျာ။

    ReplyDelete
  3. ဒီလိုနဲ့ ပဒေသရာဇ်ခေတ်က အာဂအရိုးစုတွေ ပြန်ထ
    အိုင်တီခေတ်ရဲ့ အံကြိတ်ငြင်းနေတဲ့ လူတွေကို ရယ်ကြတယ်။
    မင်းတို့ တကယ့် ‘ငအ’ တွေတဲ့။
    very good!

    ReplyDelete
  4. ဟေ့ ကိုယ့်လူ ..
    မင်းရှေ့ မှာချောက် ...
    (ကျွန်တော်လည်း မျက်မမြင်တစ်ယောက်ပါ)..

    ReplyDelete
  5. အဲဒီလိုပဲသေနတ်မက၊ရရာအာနာတွေကိုခေတ္တခဏ
    လောက်လိုခြင်လိုက်တာ၊မြန်မာပြည်မှာဖြစ်ပျက်နေတဲ့
    ကိစ္စအ၀၀ကိုဖြေရှင်းပေးပြီးရင်ပြန်ပေးပါ့မယ်လို့ 

    ReplyDelete
  6. လူတွေကကိုယ့်ကိုကိုယ်အထင်ကြီးတတ်တဲ့ရောဂါတွေရှိ
    နေကြပါတယ်။ကျွန်တော်လဲဒီပုတ်ထဲကဒီပဲ၊ဟိုပဲလို့ ပဲထင်တာပဲ။ကဗျာတွေအရမ်းကောင်းတယ်၊ဆက်လက်
    ပြီးတော့....အအအအအ...အအအာာာာာားးးး....ပေး.
    လေထိုးပေးးးး.အဲ..........ပေးနေမယ်နော်.ကကက....
    နော်...နော်....

    ReplyDelete
  7. ကျွန်တော်လဲဒီပုတ်ထဲကဒီပဲ....ဟိုပဲလို့ ထင်တာပဲ......
    ကဗျာတွေအရမ်းကောင်းတယ်....ဆက်လက်အားပေး
    လေ ထိုးပေးနေမယ်၊ဒီထက်ပိန်သွားမှာစိုးရိမ်လို့ 

    ReplyDelete
  8. uuuuuကကျွန်တော်လဲဒီပုတ်ထဲက ..

    ReplyDelete