Monday, August 2, 2010

ချစ်တယ်

ချစ်တယ်
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။

ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။

ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။

ချစ်တယ်
အချစ်မှာ
မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
သူ့မျက်နှာမှာ ရှက်သွေးတွေစို
အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို့။
ကောင်းကင်ကို

9 comments:

  1. ကိုကင်း တယ်နုနေပါ့ ထင်၇ဘူးနော် ရုပ်မှာ...

    ReplyDelete
  2. ချစ်တယ်
    အချစ်မှာ
    မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
    ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
    သူ့မျက်နှာမှာ ရှက်သွေးတွေစို
    အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ဲတော်၏...ကောင်းတယ်မောင်လေးးးးးးကောင်းကင်ရေ

    ReplyDelete
  3. "ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်"

    အရမ်းကောင်းပြီး အချစ် ကိုသက်ဝင်နေတာ ထင်ရှားစေတဲ့ စာသားတွေဘဲ ... ဒီထက်ပိုပိုကောင်းတဲ့ ကဗျာတွေကို အမြဲထာဝရ အားပေးမယ်နော် ...

    ReplyDelete
  4. ကဗျာလေးကဖတ်လို့ကောင်းတယ်..

    ReplyDelete
  5. ဟုတ်တယ် အဲဒီစကားလေးပဲ .. ကျနော်တို့ ဘဝတွေကို ချောက်ထဲတွန်းချလိုက် .. ကောင်းကင်ပေါ် ပစ်တင်လိုက် လုပ်နေတာ ...

    ReplyDelete
  6. သူများဦးသွားမှာ ကြောက်တဲ့ ကောင်းကင်ကိုရယ်၊
    စိတ်ဆိုးသွားမှာ ကြောက်တဲ့ ကောင်းကင်ကိုရယ်၊
    တစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်၊ (အော်ဟစ်ကြ သူတို့ရဲ့ ရန်စကားက)
    ချစ်တယ် ချစ်တယ် ချစ်တယ် ။ ။ တဲ့။

    ReplyDelete
  7. ကြိုက်တယ်ဗျာ ဒီကဗျာလေးကို

    ReplyDelete
  8. ချစ်တယ်ဆိုတဲ့ စကားကြောင့်
    နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
    ငါ…မျက်လုံးတွေကိုမှိတ်
    အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
    နင့်မျက်နှာလေး လာထားဖို့။


    ထိတယ်ဗျာ .. ထိတယ် .. အစ်ကို အချစ်ကဗျာရေးရင် ထိကိုထိတယ် ... :P

    ReplyDelete
  9. ကဗျာလေးက နုရွနေတာပဲ။ အရမ်းနှစ်သက်မိပါတယ်။

    ReplyDelete