Tuesday, August 10, 2010

ကြိုးညှိခြင်း

တံလျှပ်တွေထဲမှာ ယုံကြည်ချက်နဲ့
ငါးမျှားခဲ့တဲ့သူ ဖြစ်ဖူးတယ်။

‘အဖြေ’တွေချည်း ‘လှေနံဓားထစ်’ရှိတဲ့ အရာတွေမှာ
‘မေးခွန်း’တွေသာ လိုက်ရှာမိခဲ့။

ပိဋကတ်သုံးပုံထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
သမ္မာကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ဘတ်ဂဗတ်ဂီတာ ထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ကိုရန် ကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။

ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ဘုရားတဆူ သီတင်းသုံးနေတဲ့
စစ်ဌာန တခုလား?
စစ်ဘုရင်တပါး သိမ်းပိုက်သွားတဲ့
စေတီပျက်တဆူလား?
ထင်ထင်ရှားရှားရှိနေသလိုလို
ဝေဝေဝါးဝါးသိနေတယ်။

သူငယ်ချင်း…
ဒီည…ငါ…တရားမနာတော့ဘူး၊
ကိုယ့်ရင်ခုန်သံကိုယ် ပြန်နာရဦးမယ်။
ကောင်းကင်ကို

7 comments:

  1. အေးေ၇ာ စာသားတွေက

    ReplyDelete
  2. ကိုကြီးကောင်း ကျနော် ဒီကဗျာကို ဖတ်လိုက်တော့ ဖြည်းဖြည်းလေးနဲ့ လေညင်းတိုက်လာသလိုပဲ ကျနော့် ရင်ဘက်ထဲကို ရောက်လာခဲ့ပါတယ်။ ကဗျာကို ခံစားနေရင်း အခု ကြိုးညှိခြင်းဆိုတဲ့ကဗျာနဲ့အတူ မဖတ်ဖြစ်ခဲ့သေးတဲ့ ကဗျာတွေအားလုံးကို ခံစားရင်း ဖတ်သွားတယ်။ ခံစားသွားတယ်။ နှလုံးသားနဲ့ နားဆင်သွားတယ်ဗျာ။

    မာန်လှိုင်းငယ်

    ReplyDelete
  3. ကိုကြီးကောင်း ကျနော် ဒီကဗျာကို ဖတ်လိုက်တော့ ဖြည်းဖြည်းလေးနဲ့ လေညင်းတိုက်လာသလိုပဲ ကျနော့် ရင်ဘက်ထဲကို ရောက်လာခဲ့ပါတယ်။ ကဗျာကို ခံစားနေရင်း အခု ကြိုးညှိခြင်းဆိုတဲ့ကဗျာနဲ့အတူ မဖတ်ဖြစ်ခဲ့သေးတဲ့ ကဗျာတွေအားလုံးကို ခံစားရင်း ဖတ်သွားတယ်။ ခံစားသွားတယ်။ နှလုံးသားနဲ့ နားဆင်သွားတယ်ဗျာ။

    မာန်လှိုင်းငယ်

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာလေးဗျာ

    ReplyDelete
  5. ကြိုးညှိခြင်းကို
    ဖတ်သွားပါတယ်။

    ReplyDelete
  6. ကောင်းလိုက်တာဗျာ

    ReplyDelete
  7. အားပေးနေပါတယ် အကိုကြီးခင်ဗျာ

    ReplyDelete