Wednesday, July 28, 2010

မေတ္တာဆိုတာ စူးတတ်တယ်

ကျောက်တုံးထဲကနေတောင်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။

နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။

တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

အကောင့်များစွာဖွင့်ပြီး
၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ၊

သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။
ကောင်းကင်ကို

10 comments:

  1. ဒီလိုမေတ္တာကဗျာလေးတွေစောင့်နေတာ ကိုကောင်း။ ထိတယ်။

    ReplyDelete
  2. အကိုတော် အသဲနုနု သဲချေဥမခံနဲ့ သွားချင်သွားပေ့စေ အေးဆေး ကွဲနဲ့ အသဲ...

    ReplyDelete
  3. " ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
    နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။ " ဟား ဟား ဟား အထိဆုံးစကားလုံးပဲ

    ReplyDelete
  4. အင်း....ကိုယ့်ကိုယ်စား
    နတ်ဘုရားတစ်ပါး ရေးဖွဲ့ပေး
    လိုက်သလားမှတ်ရ...
    ကျေးကျေးပါ..

    ReplyDelete
  5. အကောင့်များစွာဖွင့်ပြီး
    ၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ...ဆိုပဲ မိုက်တယ် :)

    ReplyDelete
  6. ကောင်းလိုက်တာ ကဗျာလေးက
    အစဆုံးအကုန်လုံးကောင်းလွန်းပါတယ်။

    ReplyDelete
  7. မေတ္တာဆိုတာစူးတတ်တယ်။ မှန်၏။
    ဒါပေမဲ့ ကိုယ်ကချစ်ရသူဆိုတော့ သူကို ကိုယ်မေတ္တာမစူးစေချင်တာတော့ အမှန်ပါ။
    :)

    ReplyDelete
  8. ကောင်မလေးကြောင့်
    ကောင်းကင်ကိုလွမ်း
    အသည်းကျမ်းတွေကြေ
    အနမ်းပန်းတွေဝေခဲ့ရတာ
    သိလျက်နဲ့ မိုက်တာတော့ မဟုတ်ဘူးကွဲ့။
    ချစ်ဝဋ်ကြွေးဆပ်လို့ (ကောင်မလေးကျေနပ်အောင် လှစ်ကာကျူးဖွဲ့ တဲ့)
    မေတ္တာမစူးမယ့် အထူးမှတ်တမ်းဇတ်လမ်းတစ်ပုဒ်ပါ။ ။

    ReplyDelete
  9. နိုင်ငံရေးမော်ဒန်ကဗျာလေးပေါ့နော်။ ကောင်းပါတယ်လေ နိုင်ငံရေးအတွက်ပေါ့။ ဘာသာရေးကို ထိရေးတော့ သတိထားပေါ့လေ။ နော်

    ReplyDelete
  10. တချောင်းထဲသော စိတ်နဲ့ပြေးနေတဲ့

    ခြေထောက်နှစ်ချောင်းတွေ

    နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း

    နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့

    နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

    ကောင်းကင်ကို ကြိုက့်လို့ ယူသွားတယ်ကွာ။

    ReplyDelete