Tuesday, July 6, 2010

ဓားဝှက်ထားတဲ့ ခြေဖဝါး

အစကတော့
သောနုတ္ထိုရ်လို အကြည့်
ဒုက္ခသည် ဥပဓိနဲ့ ။

ကိုယ့်အတ္တကိုယ် မျက်နှာလွှဲ
ဖေးကူလက်တွဲ လိုက်မှ
အပြုံးတချက် မပျက်
လူစားလဲရက်တာ နာလိုက်တာ။

အစကတော့
မိတ်ဆွေထက်ပိုတဲ့ အပြုံး
ပန်းပွင့်မျက်နှာဖုံးနဲ့ ။

ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။
ကောင်းကင်ကို

2 comments:

  1. ခံစားမိတယ် အကိုရ ...း((

    ReplyDelete
  2. FB မှာအရင်ဖတ်ရတယ်။ အခုမှဒီမှာထပ်လာဖတ်တာ။ လူတွေအကြောင်းပိုပြီးမြင်မြင်လာတယ် ကိုကောင်း။

    ReplyDelete