Thursday, July 15, 2010

တဘက်မြင်

လောကကြီးမှာ
ဖြေရအခက်ဆုံး မေးခွန်းက
ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့ မေးခွန်းပဲ။

ဖြေကြည့်လိုက်တော့လည်း
ဘုရားတွေ ဆိုတာတောင်မှ
သတ်မှတ်မှုအရပဲ ရှိတာ။

ယုံကြည်ချက်လို့ ခေါ်ချင်ခေါ်
မှိုင်းလို့ ခေါ်ချင်ခေါ်
ရပ်မယ့်ခြေထောက်တွေရှိလို့
ရပ်စရာ မြေကြီးရှိတာ။

ဒီလိုနဲ့ ငါ
တိမ်တွေပေါ်မှာ ရပ်
သူများတွေကို ဖျတ်ခနဲ အကြည့်
ဟော..ဟိုမှာ ပိစိလေးတွေ။
ကောင်းကင်ကို

2 comments:

  1. ဒါက တကယ့် မြေကြီးနဲ့ ခြေထောက်ကို ပြောတာမဟုတ်ဘူးလေ မမေရ။

    ReplyDelete
  2. အခုချိန်ထိ တဘက်ပဲမြင်ခဲ့တာ ကြာပြီ။

    ReplyDelete