အနာဂတ် မရှိတော့ဘူးလို့ ထင်နေလည်း
မွေးရာပါ ရှင်သန်လိုစိတ်နဲ့ ဆက်ပြီး အလျှောက်
ရှေ့ နားကိုနည်းနည်းလေး အရောက်မှာ
အနာဂတ်က သူ့ လက်သီးနဲ့ ထိုးနှက်ထုထောင်း
သူရှိနေကြောင်းကို ခပ်ကြမ်းကြမ်းသက်သေပြတယ်။
ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊
ပြီးတော့…ယာဉ်ကြော ကျပ်ကျပ်ထဲက ကားတွေလို
ခြေထောက်တွေကို စလိုးမိုးရှင်းနဲ့ ရွေ့ လျား
တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။
ချွေးနဲ့ ရင်းပြီး ရလာခဲ့တဲ့ box မှာ
အာမခံချက်လေး တွေ့ မလားလို့ ဖောက်ကြည့်တယ်။
ကျေးဇူးတင်ပါသည်ဆိုတဲ့ စာကြောင်းနဲ့ 
ကံကောင်းပါစေဆိုတဲ့ စာသား
ရပါများလွန်းတော့ ခါးတယ်။
သွားရင်းလာရင်းနဲ့ တွေ့ ပါလိမ့်မယ်။
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကဗျာလေးမိုက်တယ် အစ်ကို ...
ReplyDeleteကောင်းလိုက်တာ အကယ်ကို အရှိတိုင်းတွေပါပဲ
ReplyDeleteနှစ်သစ်မှာပျော်ရွှင်ပါစေနော်
မိုး
ဖတ်လို့တော့ကောင်းတယ် သိပ်နားမလည်
ReplyDeleteတံခါးပေါ်က ကြက်ခြေခတ်ကို လာကြည့်သွားပါတယ်။
ReplyDeleteပျော်ရွှင်ပါစေ။