မှတ်ချက်။ ။ ဒီကဗျာမှာပါတဲ့ meditation ဆိုတာဟာ serious thought ကို ပြောတာပါ။
စိတ်ရဲ့ အီနားရှား
အပူဇော တမျိုးနဲ့ 
လူတောမတိုးတဲ့ ကောင်မလေးကို
တရားသဘော ဆန်ဆန်လေး
ဒီလို အားပေးမိတယ်။
“သူ့လိုမလှလို့ 
ညီမ စိတ်မပျက်ပါနဲ့။
တိုက်အမြင့်ကြီးပေါ်က ကြည့်ရင်
ညီမလည်း အစက်လေးတစက်
သူလည်း အစက်လေးတစက်
တကယ်တော့
ကမ္ဘာကြီးကိုက အစက်လေးတစက်ပါပဲ။”
သမ္မတတွေလည်း အစက်လေးတစက်
ပြည့်တန်ဆာတွေလည်း အစက်လေးတစက်
အရာရာကို အစက်တစက်နဲ့ ညီမျှခြင်း ချကြည့်မိပြန်တော့လည်း
မထူးဇာတ်ခင်းနေရတဲ့ လူတယောက်လို
ကြိုးစားလိုစိတ် မဲ့သွားပြန်တယ်။
သြော်
Meditation တွေမှာတောင်… side effect တွေ ရှိသေးသလား?
စိတ်တခုရဲ့ အီနားရှားကို …ဘာနဲ့ …ထိန်းမလဲ။
ကိုယ်ရောင့်ရဲနေတဲ့ …အရာကို …ကြိုးစားဖြစ်ဖို့ …အရမ်းခက်တယ်။
ကိုယ့်သစ်ပင်ပေါ်က… ကိုယ်ကျတဲ့အခါ …ဘဝဟာ …အနာဆုံးပဲ။
မဇ္ဈိမကို… အလယ်အလတ် လို့ ….စကားလုံးဖလှယ်ဖို့  …အရမ်းလွယ်တယ်။
ကိုယ့်မဇ္ဈိမက …ဘယ်လောက်ဆိုတာမှန်း…. အသေအချာကွက်တိ…သိဖို့ ခက်တယ်။
တန်ဆေး…လွန်ဘေး ဆိုပဲ။
ခေါင်းမာခြင်းလား ၊မဆုတ်မနစ်ဇွဲလားတော့ …ရလဒ်ပေါ်မူတည်ပြီး …သတ်မှတ်ကြလိမ့်မယ်။
အိပ်မက်မီးကို… ထွန်းညှိဖို့ ဆို…..အစွဲအလမ်းမရှိရင်…ဘယ်လောင်စာသုံးမလဲ။
အားနည်းချက်တွေကပဲ… အားသာချက်မို့ … ဘယ်လိုဖယ်ရှား… ဘယ်လိုသယ်သွားရမလဲ။
အကန့် အသတ်မရှိဘူးဆိုတဲ့ ကောင်းကင်မှာ
လနှစ်စင်း မသာနိုင်ပါလား။
သြော်…
မောဟမြူအမှား တစုနဲ့ 
လောဘလူသားတဦးအတွက်
စိတ်ငြိမ်းချမ်းခြင်းနဲ့ အောင်မြင်မှု
အမှတ်နှစ်ခုအကြား
အတိုဆုံးမျဉ်းနဲ လမ်းဖောက်ဖို့ 
ပုံသေနည်းတို့ သိရင်ပြောပါ။
ကောင်းကင်ကို
ရတု @ 2011
12 years ago
မျောသွားမိပါတယ်။
ReplyDeleteမျောသွားမိပါတယ်။
ReplyDeleteခပ်မျက်မျက်လေး မဖတ်ရတာ အတော်ကြာနေပြီ။
ReplyDeleteဒီနေ့တော့ စောင့်ရကျိုးနပ်လှပေါ့..။
ဖတ်လို့ကောင်းပါ၏။
ReplyDelete