နစ်မြုပ်တာခြင်း အတူတူတောင်
သူတို့မှာတော့ မေခလာတွေရှိ
ကိုယ့်မှာတော့ ဝေဒနာတွေပိ ။
ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း
လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။
အဆိုးပဲရောက်ရောက်လာလို့ 
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။
ကောင်းကင်ကို
ကဗျာလေးက သိပ်ကိုတိုက်ဆိုင်လွန်းပါတယ်ဗျာ...
ReplyDeleteအကို ကဗျာစပ်တော့ တကယ်တော်တယ်ဗျာ
ReplyDelete:D
ReplyDeleteမညီမျှခြင်း = ခွဲခြားခွဲခြား....။
ဘာမှ ဘာမှကို မပြောနိုင်လောက်အောင် နှုတ်ဆိတ် ပြန်သွားတယ်။
ReplyDeleteကဗျာကသာ ကော်ဖီ တခွက် ဆိုရင် ခါးလိုက်မယ့် ဖြစ်ခြင်းပဲ။
မညီမျှခြင်းတွေကို
ReplyDeleteဂီတသီချင်းလို လုပ်ဆိုလိုက်ပါကွယ်။
ကဗျာကောင်းတယ်ညီ။
ReplyDeleteမညီမျှခြင်းတွေကို
ReplyDeleteညီမျှခြင်း ချကြည့်သွားတယ်ကိုကောင်းကင် ....
ကဗျာကို ခံစားလိုက်တော့ မညီမျှခြင်းတွေ အပုံလိုက် ပြုတ်ကျ လာတယ်ဗျာ..။
ReplyDeleteကဗျာ အသွားအလာလေး ကြိုက်တယ် ကိုကောင်း ။ ဂွတ်။း)
ReplyDeleteှမညီမျှခြင်းတွေနဲ့ငြိနေရတဲ့ဘဝ......
ReplyDeleteကိုယ့်ညီနဲ့ မောင်မျိုးနဲ့ ၂ ယောက် ပေါင်း ညှိလိုက်ကြပါလား...
ReplyDeleteမောင်မျိုးကတော့ ညီမျှခြင်းတဲ့...
ဖြစ်ချင်တာက ဆန္ဒ
ReplyDeleteဖြစ်လာတာက ဘ၀ တဲ့
အဲဒီမတူတာတွေ က ပဲ ဘ၀ လေ..
တချိုကတွေကလဲ .မောင်လေး ကိုကြည့်ပြီး အဲသလို တွေးချင်တွေးနေမှာနော်..
....
ဘာပဲပြောပြော
ဒီအရေးတော့ ကြိုက်တယ်
....
အဆိုးပဲရောက်ရောက်လာလို့ 
တမိုးတည်းအောက်မှာ
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
မညီမျှခြင်းမှာ တစ်ခါတစ်ရံ ညီမျှခြင်းတွေပါလာတတ်ပြန်ရောတဲ့ :P
ReplyDeleteကဗျာက လန့်လောက်အောင် ကောင်းတယ်။
ReplyDeleteမလွဲချင်တာတွေပဲ မမောမပမ်းတိုးနေတော့တယ်
ReplyDeleteကိုယ်စောက်သုံးမကျရင် မကျဘူးပေါ့..သူများကိုလွှဲချနေသေးတယ်..ဟဟ..
ReplyDeleteအကြောင်းရှာတော့
ReplyDeleteခေါင်းမှာချာချာလည်...။
ကောင်းကင်ကိုရဲ့ကဗျာနဲ့ကိုပေါ…ပြုံးမိပြီ။(-း
ReplyDeleteအကို လာခံစားပါတယ်။ ကဗျာကောင်းလေးပါဗျာ...
ReplyDelete