Saturday, March 21, 2009

မညီမျှခြင်း

ခေတ် သမုဒ္ဒရာမှာ
နစ်မြုပ်တာခြင်း အတူတူတောင်
သူတို့မှာတော့ မေခလာတွေရှိ
ကိုယ့်မှာတော့ ဝေဒနာတွေပိ ။

ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း
လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။

အဆိုးပဲရောက်ရောက်လာလို့ 

တမိုးတည်းအောက်မှာ
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။

ကောင်းကင်ကို

19 comments:

  1. ကဗျာလေးက သိပ်ကိုတိုက်ဆိုင်လွန်းပါတယ်ဗျာ...

    ReplyDelete
  2. အကို ကဗျာစပ်တော့ တကယ်တော်တယ်ဗျာ

    ReplyDelete
  3. :D
    မညီမျှခြင်း = ခွဲခြားခွဲခြား....။

    ReplyDelete
  4. ဘာမှ ဘာမှကို မပြောနိုင်လောက်အောင် နှုတ်ဆိတ် ပြန်သွားတယ်။
    ကဗျာကသာ ကော်ဖီ တခွက် ဆိုရင် ခါးလိုက်မယ့် ဖြစ်ခြင်းပဲ။

    ReplyDelete
  5. မညီမျှခြင်းတွေကို
    ဂီတသီချင်းလို လုပ်ဆိုလိုက်ပါကွယ်။

    ReplyDelete
  6. ကဗျာကောင်းတယ်ညီ။

    ReplyDelete
  7. မညီမျှခြင်းတွေကို

    ညီမျှခြင်း ချကြည့်သွားတယ်ကိုကောင်းကင် ....

    ReplyDelete
  8. ကဗျာကို ခံစားလိုက်တော့ မညီမျှခြင်းတွေ အပုံလိုက် ပြုတ်ကျ လာတယ်ဗျာ..။

    ReplyDelete
  9. ကဗျာ အသွားအလာလေး ကြိုက်တယ် ကိုကောင်း ။ ဂွတ်။း)

    ReplyDelete
  10.ှမညီမျှခြင်းတွေနဲ့ငြိနေရတဲ့ဘဝ......

    ReplyDelete
  11. ကိုယ့်ညီနဲ့ မောင်မျိုးနဲ့ ၂ ယောက် ပေါင်း ညှိလိုက်ကြပါလား...
    မောင်မျိုးကတော့ ညီမျှခြင်းတဲ့...

    ReplyDelete
  12. ဖြစ်ချင်တာက ဆန္ဒ
    ဖြစ်လာတာက ဘ၀ တဲ့
    အဲဒီမတူတာတွေ က ပဲ ဘ၀ လေ..
    တချိုကတွေကလဲ .မောင်လေး ကိုကြည့်ပြီး အဲသလို တွေးချင်တွေးနေမှာနော်..
    ....
    ဘာပဲပြောပြော
    ဒီအရေးတော့ ကြိုက်တယ်
    ....
    အဆိုးပဲရောက်ရောက်လာလို့ 
    တမိုးတည်းအောက်မှာ
    မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
    သူတို့ က မုတ်ကောင်လေးတွေ
    သူတို့ ငိုသမျှ ပုလဲတွေရသည်။

    ReplyDelete
  13. မညီမျှခြင်းမှာ တစ်ခါတစ်ရံ ညီမျှခြင်းတွေပါလာတတ်ပြန်ရောတဲ့ :P

    ReplyDelete
  14. ကဗျာက လန့်လောက်အောင် ကောင်းတယ်။

    ReplyDelete
  15. မိုးမြင့်အောင်March 23, 2009 at 6:35 AM

    မလွဲချင်တာတွေပဲ မမောမပမ်းတိုးနေတော့တယ်

    ReplyDelete
  16. ကိုယ်စောက်သုံးမကျရင် မကျဘူးပေါ့..သူများကိုလွှဲချနေသေးတယ်..ဟဟ..

    ReplyDelete
  17. အကြောင်းရှာတော့
    ခေါင်းမှာချာချာလည်...။

    ReplyDelete
  18. ကောင်းကင်ကိုရဲ့ကဗျာနဲ့ကိုပေါ…ပြုံးမိပြီ။(-း

    ReplyDelete
  19. စိုင်းစိုင်းလားရှိုးMarch 23, 2009 at 9:02 PM

    အကို လာခံစားပါတယ်။ ကဗျာကောင်းလေးပါဗျာ...

    ReplyDelete