Tuesday, October 21, 2008

အရက်တွေသောက်ပြီး
အရှက်တွေ ပျောက်ခဲ့တဲ့ည။

မီးမမှန်လို့ အကျည်းတန်နေတဲ့ည။
feel မမှန်လို့ အထီးကျန် နေတဲ့ည။

သာသာလေး လာထိရုံနဲ့ လဲခဲ့ရတဲ့ည။
မကြာမကြာလေး လာမိရုံနဲ့ စွဲခဲ့ရတဲ့ည။

အတု အစစ် တွေကို ခွဲခြားခဲ့တဲ့ည။
မူုးယစ်ဝေကာ လဲသွားခဲ့တဲ့ည။

လောကဓံကို အသပြာလေးနည်းနည်းနဲ ခံဆော့ခဲ့တဲ့ည။
ကိုယ့်ကိုယ်ကို ယမကာလေးနည်းနည်းနဲ့ ပြန်ချော့ခဲ့တဲ့ည။

အတိတ်ရက်တွေကို ခဏပြန်ခံစားဖို့ 
စိတ်ငှက်တွေ ထပျံသွားခဲ့တဲ့ည။

လှံသွားထက်ထက်တွေ ရင်မှာစူးတဲ့ည။
ခံစားချက်တွေ ဝင်ကာရူးခဲ့တဲ့ည။

ဘဝအနာတွေ သက်သာဖို့ 
အရသာတွေ ထွက်ရှာခဲ့တဲ့ည။
အလှကဗျာတစ်ပုဒ်နဲ့ မှောက်မှား၊
ဘဝတဏှာတစ်လုတ် ဖောက်စားခဲ့တဲ့ည။

ခေတ်ရဲ့ မွန်းကျပ်မှုတွေကို ဖောက်ခွဲ
အနှစ်မဲ့ လွတ်လပ်မှုတွေနဲ့ ပေါက်ကွဲခဲ့တဲ့ည။

သိုးမည်းတစ်ကောင် အရောင်ပြောင်းဖို့ အမေငေါက်တဲ့ည
မိုးကြိုးပစ်သလို အသံကြီးနဲ့ တစ္ဆေခြောက်တဲ့ည။

ကောင်းကင်ကို

13 comments:

  1. ကဗျာလေးကိုလာအားပေးသွားတယ်ညီလေးရေ...
    အဲဒီလိုညတွေကုန်ဆုံးရတော့မှာပါ.....မကြာခင်ပေါ့

    ReplyDelete
  2. ကိုယ့်လူကတော့ ကာရန်နဘေထပ်တဲ့နေရာမှာတော့ စံပါဘဲဗျာ။ ဘယ်လိုကဘယ်လို သည်လောက် ဉာဏ်တွေကွန့်မြူးနေသလဲမသိ။

    ReplyDelete
  3. အကိုဘာဖြစ်လို့ ဒီလောက်တောင်တော်ရတာလဲဗျာ ကျတော်အ၇မ်းအားကျလို့

    ReplyDelete
  4. ကောင်းကင် ကြီးရဲ့ ကဗျာတွေ ကိုလာဖတ်တိုင်း ကျနော် ညီအကို လိုအရမ်းခင်ခဲ့ တွဲခဲ့တဲ့ သူငယ်ချင်း မင်းတစေ ကိုသတိရ နေမိတယ် ၊၊ ကဗျာ တွေ ရှတယ်ဗျာ ၊၊ အားပေးလျက်ပါ ၊၊

    ReplyDelete
  5. ကောင်းလိုက်တဲ့ ည ခံစားမှု လေးပါလား အကိုရေ .... အကိုက ကာရန်တွေ အရမ်းပိုင်တယ် .. ခေါင်းစီးမှာ တင်ထားတဲ့ အကို စာလေးကို ဘယ်သူမှ မမှီသေးတာ အမှန်ပဲ

    ReplyDelete
  6. ရေးတာတော့ည အကြောင်း ဒါပေမဲ့အားလုံးကိုထင်းကနဲလင်းကနဲ ခံစားမြင်ယောင်စေပါလား။
    ကဗျာဆရာက ညတွေကိုမြင်တဲ့ မှော်မျက်စိရှိတယ်ထင်တယ်။

    ReplyDelete
  7. ကာရန်တွေကတော့လိုက်လို့ ကို မမှီတော့ဘူးဗျို့  ။ ကောင်းတယ်ဗျာ ကဗျာလေး ။
    ခဏလောက်ပါ ။ အဆင်ပြေတော့မှာပါ ကိုကောင်းရေ ။ :)
    ခင်မင်လျက်
    မောင်ငယ် ။

    ReplyDelete
  8. Very good poem. Every poem is good.

    ReplyDelete
  9. စကားလုံးတွေ ပြောင်မြောက် လက်ရော ခြေပါမြှောက်ပါသည်။

    ReplyDelete
  10. ကောင်းတဲ့ နေရာမှာ ပြောစရာ တခုပဲ ရှိတယ်..
    ည.. ကို ပေါင်းတာပဲ သတ်ပုံမှားနေတာ :P

    ReplyDelete
  11. ကဗျာ.ဥာဏ်အာဘော်ကလဲကလော်တိုင်းထွက်သည်မို.

    ReplyDelete
  12. ညက ကဗျာဆရာလက်ထဲရောက်တော့ ပိုထူးသွားတယ်… ပိုမူးသွားတယ်… မခို့ တရို့  ရီဝေေ၀နဲ့ … နောက်… ကိုယ်ပါပျော်ဝင်ယစ်မူး… အဲဒီည ရင်မှာစူးလို့ သွားတယ်…

    ReplyDelete
  13. ကောင်းလွန်းလို. ဘယ်အပိုဒ်က ကောင်းတယ်လို.တောင် အညွှန်းတတ်တော့ဘူး။

    ReplyDelete