လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
ကောင်းကင်ကို
ရတု @ 2011
11 years ago
owow!!!!!!!!!!!!!great poem.good writing.how can I say ???????????ur poem mention the truth!!!!!!!!!!!!!
ReplyDeleteBrother! It is truth about our homeland. You are really brilliant poet!
ReplyDeleteကဗျာမှော်အောင်တဲ.ဆရာလေးရေ
ReplyDeleteကျွန်တော.ဘလော.မှာလင်.ခ်ထားပါတယ်
ခင်ဗျာ။
the great poem ...
ReplyDeletevery good poem! I like it so much.
ReplyDeleteဒင်းကြီးတို့  အကြောင်းကို စဉ်းစားမိရင်တော့ ဟင်းးးးးးးးးး ဒင်းကြီးကိုတော့ မပြုတ်ပဲ အစိမ်းလိုက် ၀ါးစားချင်တယ် အစ်ကိုကော စားမလားး =)
ReplyDeleteစကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။ (မလိုပါဘူး)
ReplyDeleteစပါးလုံးတွေ ပြွမ်းသွားမိခဲ့ရင်တောင်မှ အစာငတ်သူအဖို့ ကောင်းပြန်ပါတယ်....(အဟဲ။ ဓါတ်ကူးသွားလို့။)
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
ReplyDeleteသူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ကောင်းလိုက်တဲ့တွေးခေါ်မှုတွေနဲ့စာသားအပြင်းစားတွေ
ပါလား...ထိတယ်..တဲ့တဲ့ကြီးကိုဘဲ
အားရင် စကားလုံးတွဲတွေအကြောင်းပဲ ထိုင်စဉ်းစားနေလား အောက်မေ့ရတယ်
ReplyDeleteပြောင်မြောက်ပါပေ့ ကောင်းကင်ကို
Excellent!!!! Thank you so much for the poem.
ReplyDeleteမြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ReplyDeleteကျတော်တို့ မြေညီထက်ရောက်ဖို့တောင် တက်နေရတယ်ဗျာ...ရင်နာတယ်
အကို့စာသားတွေက အရမ်းထိတယ်ဗျာ
လေးစားတယ် ကျတော်လည်း အကို့လိုရေးတတ်ချင်လိုက်တာ
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ReplyDeleteကျတော်တို့ မြေညီထက်ရောက်ဖို့တောင် တက်နေရတယ်ဗျာ...ရင်နာတယ်
အကို့စာသားတွေက အရမ်းထိတယ်ဗျာ
လေးစားတယ် ကျတော်လည်း အကို့လိုရေးတတ်ချင်လိုက်တာ
အမှန်တွေချည်း ရေးထားတာမို့ comment တောင် မရေးချင်တော့ပါဘူး အကိုရယ်.. ဖတ်မိရင် ဘ၀ကြီးကို သနားတယ် အဟင့်
ReplyDeleteကိုကောင်းကင်ရေ!.... ကျွန်တော် ကို ဒီကဗျာလေး တင်ပြခွင့် ပေးပါ... အရမ်းကောင်းတဲ့ ကဗျာလေး.... ခံစားမိတယ်...
ReplyDeleteတစ်ခြားတစ်ခြားသော ....
ReplyDeleteကဗျာဆရာများကိုလည်း လေးစားပါတယ်...
ဖန်တီးမှုတိုင်းကိုလည်း လေးစားပါတယ်...
ဒါပေမယ့်..
ကိုကောင်းရေ...
ကိုကောင်း..ကတော့ ကဗျာ ကဝေကြီးဘဲဗျာ....။
သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ထက်ပိုပြီး တင်စားချင်ပါတယ်။ ဖန်တီးမှုစွမ်းအားနဲ့ အမှန်တရားပေါင်းလိုက်တော့ Excellent ပါပဲ :)
ReplyDeleteyoyo! absolutely awesome
ReplyDeleteလန်းတယ်ကွာ
ဟတ်ထိတယ် အပြတ်မိတယ်
ဒီကဗျာလေးရေးတာက နဲနဲစောသွားတယ်
မကြာခင်မှာပဲပေါ့...
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
ငါတို့ လက်တွဲဖော်တွေ...
အီလက်ထရွန်းနစ်ပုဒ်မတဲ့လေ :(
အရင်က ဒီဘလော့ကို တခါပဲရောက်ဖူးတယ် ... ဒါပေမယ့် သေချာမဖတ်မိခဲ့ဘူး .... ကျွန်မခုမှ လိုက်မွှေနှောက်ကြည့်မိတယ် ...
ReplyDeleteကဗျာပုံစံလေးက ဟစ်ဟော့သီချင်းဆိုလို့တောင်ရမယ် ..
စာသားတွေကောင်းသလို အဓိပ္ပါယ်တွေကလဲကောင်းတယ် ... အမှန်တွေကို စကားလုံးအားကောင်းကောင်းနဲ့ မီးမောင်းထိုးပြလိုက်သလိုပဲ ... ဒီကဗျာကို ကဗျာဆရာနဲ့ထပ်တူနီးပါး ခံစားခဲ့ပါတယ် ....
ကောင်းကင်ကို ရဲ့ ကဗျာတွေဟာ တကယ် အသက်ပါတယ်ဗျာ၊ လေးစားပါတယ် ကျတော်ကြိုက်တဲ့  ကဗျာတွေ ကို သုံးခွင့်ပြုပါ ။ ကျေဇူးတင်ပါတယ်
ReplyDeleteVery very good.
ReplyDeleteအခုအချိန်မှာ အလိုအပ်ဆုံး ကဗျာအမျိုးအစားပါပဲ။
ReplyDeleteတက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ReplyDeleteဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ကိုကောင်းကင်ရေအခုမှဖတ်မိပေမဲ့
ကြိုက်လွန်းလို့ဘလော့မှာသုံးခွင့်ပြုပါ။
You are very talented. I want you to write more poems. You are expressing the truth. Keep writing. I like your poem very much. Thank you very much for your sharing. You are a brilliant poet.
ReplyDeleteစကားလုံးတွေက လန်ထွက်နေတာပဲ.... အရမ်းကောင်းတယ် ကဗျာလေးက ထိချက် ပြင်းတယ်.. လေးစားတယ်ဦးဦးကောင်းရေ....
ReplyDeleteခံစားရတာ ပြန်ကြားရယင် အမှန်စကား တွေမို့ စံထားချီးကျူးပါတယ်
ReplyDeleteကြိုင်လှမောင်မောင်
၂၀၀၉၀၆၀၆
အကိုရဲ့ စကားလုံးတိုင်းက အသက်ဝင်တယ် . .အားမာန်အပြည့်ရှိတယ် မျက်မှောက်ခေတ်ကို မီးမောင်းထိုးပြလိုက်တာနဲ့ တူတူပဲ။ မျက်လုံးထဲ ကွင်းခနဲ ကွက်ခနဲကို ရှင်းရှင်းလင်းလင်း မြင်ရတယ် . . .ကောင်းလိုက်တဲ့ ရေးချက် . ..
ReplyDeleteit's a dope , , shit , ,straight it up ,, my man / / / / we still got a lot of works to do,.
ReplyDeleteအရမ်းကောင်းပါတယ်။ ထိထိမိမိ ရှိလွန်းတယ်။ ကျွန်တော်ကတော့ ကြိုက်တယ်။
ReplyDeleteကောင်းလွန်းလို့ ...... ဘယ်လိုပြောရမလဲတောင်မသိတော့ဘူးဗျာ
ReplyDeleteအငိုဒုက္ခတိုင်းပြည်မှာ အပိုပုဒ်မတွေများလို့ အမည်တောင်မဖေါ်၇ဲပဲ ဒိုင်နာဘယ်တော့မှောက်မလည်း လို့ စိတ်ဓါတ်ကို ဖင်ခုထိုင်ထားပြီး ခပ်ယိုင်ယိုင် စာရိတ္တမဏ္ဋိုင်ကို ကိုင်ထားရတယ် ၀ရမ်းထုတ်ထားတဲ့သံဃာတွေ ဆီ လည်းမသွားရဲတော့ အိမ်မှာပဲ မေတ္တာသုပ်ကို အသံမထွက်ပဲရွတ်နေရတယ်။ သူတော်ကောင်းတွေကြားယုံပ။ ဒီကဗျာက တိုင်းပြည်အတွက်အလှည့်အပြောင်းတစ်ခုထိဖြစ်လာနိုင်ပါတယ်။ နောက်ပြီး တကဲ့ပကတိအခြေအနေမှန်ပါပဲ
ReplyDeleteခုဖတ်ရတာနောက်ကျနေပြီ
ReplyDeleteစောစောကမပို့ပေးလို့
ပို့ပေးတဲ့သူငယ်ချင်းကိုစိတ်ဆိုးတယ်
အရမ်းကောင်းတဲ့ကဗျာလေးပါ
ကဗျာကို ဖတ်နေရင်း ကြက်သီးထမိတယ်၊ အရှိကို သိနေပေမယ့် ဒီလိုထောက်ပြနိုင်တာရယ် ၊ စိတ်ကူးစွမ်းရည် ရယ်ကို မချီးမွမ်းပဲ မနေနိုင်ပါဘူး၊ ကလောင်လက်နက်က ပစ်ခွင့်မရတဲ့ စစ်သည်တွေရဲ့ ဂျီ-သရီးထက် စွမ်းပါတယ်ဗျာ။
ReplyDeleteကိုကောင်းကင်ကိုရေ ကဗျာ နောက်တကြိမ် ထပ်သုံးထားပါတယ်။ လေးစားစွာဖြင့်။....။
ReplyDelete