Tuesday, July 15, 2008

အတု

မီးတောက်တွေ သိုလှောင်ထားတဲ့ တစ္ဆေတစ်ကောင်
ချစ်ခြင်းမေတ္တာယောင် ဆောင်ပြီး
ငါ့အသည်းအိမ်ဦးဆောင်ကို ရောက်လာတယ်။

ရောင်စုံဥယျာဉ်ကို မျှော်လင့်
ငါ့အသည်းကို အဖွင့်မှာ
ပန်းယောင်ဆောင်ထားတဲ့ ပလတ်စတစ်တွေပဲ ပွင့်တယ်။

ကောင်းကင်ရဲ့ ရင်ဘတ်မှာ
လင်းနေလို့ ကြယ်လေး အမှတ်နဲ့ 
ခူးချင်လို့ အနားကပ်လိုက်တယ်။
တွေ့ လိုက်ရတာက….ကြယ်ယောင်ဆောင်ပြီး ပွင့်နေတဲ့ တံလျှပ်။

အတု အစစ် မခွဲတတ်တဲ့ ငနဲ
လူယောင်ဆောင်ထားတဲ့ အပုပ်ကောင်တစ်ကောင်
ရင်ထဲမှာတော့ မီးအစစ်တွေလောင်နေတယ်။

ကောင်းကင်ကို

6 comments:

  1. ရင်ထဲမှာ မီးအစစ်တွေ လောင်နေတယ်။ ထိသွားတာပဲဗျာ။

    ReplyDelete
  2. အတုထဲမှာ နှလုံးသားအတုက အဆိုးဆုံးဖြစ်လိမ့်မယ်…

    ReplyDelete
  3. That's a artistic one too. I just don't know how to write this kind of poem even thought I am trying like hell. Respect, Bro.

    ReplyDelete
  4. ရင်ထဲလောင်တဲ့မီး....
    ငြှိမ်းရခက်ဆုံးပဲ.......
    အစ်ကိုကြီး......ငြိမ်းချမ်းပါစေနော်......

    ReplyDelete
  5. သိပ်ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပဲဗျို့.

    ReplyDelete
  6. ဆရာရေ
    အတု ကဗျာကို လာဖတ်သွားတယ်နော်။ ရင်ထဲမှာ တကယ်လည်း မီးအစစ်တွေ လောင်နေပါတယ်။

    လေးစားစွာဖြင့်
    မေပျို

    ReplyDelete