Monday, April 14, 2008

ငါ့ရင်ဘတ်တို့  နီနေရသော အကြောင်းရင်း

ဥယျာဉ်မှူးတစ်ယောက်လုံးကို မျက်လုံးထဲက အတင်းဖျောက်
ပကာသနအတွေးတွေ ခေါင်းထဲရောက်သွားတဲ့ ပန်းလေးတစ်ပွင့်
သူ့ ကိုယ်သူ မိုးပေါ်ကို တမင်ကြွေကျအပစ်မှာ
နှမြောတသစွာနဲ့ လိုက်ကောက်ဖို့ 
ငါ့လက်တွေကို အမြင့်ဆုံးမြှောက်လိုက်တယ်။
မထိဘူး …
မမီဘူး …

မသန့် ရှင်းတဲ့ ရွှေအုတ် ငွေအုတ်တွေနဲ့ 
အတ္တလှေကား တစ်ခုဆောက်
တိမ်တွေပေါ်မှာ ပြုံးပြုံးကြီးလျှောက်ဖို့ ဆိုတာကလည်း
အနုပညာသမားတစ်ယောက်ရဲ့ စိတ်က
မသတီဘူး …
မကြည်ဘူး …

သြော်…
ငါပတ်ထားတဲ့ နာရီလေးထဲက
စက္ကန့် လက်တံလေးကတောင် မချင့်မရဲ နဲ့ ခုန်ထွက်
သူ့ အသံလေး တချက်ချက် နဲ့ 
ငါ့ကို ခေါင်းမမာဖို့ နားချရှာတယ်။

ဒီလိုနဲ့ …
ရောင်စုံ ပန်းပွင့်တို့ နဲ့ 
ရနံ့ မကြိုက်တဲ့ လိပ်ပြာမိုက်တို့ ရဲ့ 
တိတ်တိတ်ကလေး တိုက်ခိုက်ကြတဲ့ ပဋိပက္ခစစ်ပွဲမှာ
နှလုံးသားတစ်ခု အက်ကွဲ
ငါ့ရင်ဘတ် တစ်ခုလုံးသွေးတွေ ရွှဲသွားတော့တယ်။

ကောင်းကင်ကို

5 comments:

  1. ကဗျာခံစားသွားတယ်။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ ကောင်းကင်ရေ..။

    ReplyDelete
  2. အကြောင်းရင်းက တော့ ...း)
    အဆင်ပြေငြိမ်းချမ်းပါစေအကိုကောင်းကင်ရေ...။

    ReplyDelete
  3. နှလုံးသားတွေ သွေးအမြန်တိတ်ပါစေ...။

    ReplyDelete
  4. ကဗျာလေးက ထိတယ်ဗျာ ။ ပကာသန နဲ့ အချစ်ရယ် ကိုယ့်ရပ်တည်ချက်ရယ် ကြီးလှတဲ့ အစွဲအလမ်းရယ် ကို ဖွဲ့သွားတယ် ကြိုက်တယ်ဗျာ။ တကယ်ပါ။ ရည်စူးထားတဲ့နေရာလေး အတွက် ကြောင်မိုက်လို့ အပြောခံ၊ ပတ်ဝန်းကျင်လေထုကို အာခံနေရတဲ့ လိပ်ပြာတစ်ကောင်ဘ၀ကို ခံစားသွားပါတယ်ဗျာ။

    ReplyDelete