လူတယောက်
၂၄နာရီ စက်ဝိုင်းကို ပတ်ပြီး
တာစထွက်ခဲ့တဲ့ နေရာဆီကို ပြေးနေတယ်။
ပြေးနေတာကလည်းငါ။
ရပ်နေတာကလည်းငါ။
ဓားတလက်
သွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
သွေးနေတဲ့ သူကလည်းငါ။
ဓားကလည်းငါ။
သံချေးကလည်းငါ။
ပါးကွက်သားတယောက်
ပစ္စုပ္ပန်တံခါးကို လာခေါက်နေတယ်။
ပါးကွက်သားကလည်း ငါ။
အပြစ်သားကလည်း ငါ။
ကဗျာတပုဒ်
စိတ်အိုက်အိုက်နဲ့ ခေါင်းကုတ်နေတယ်။
စပ်တဲ့သူကလည်းငါ။
ဖတ်တဲ့သူကလည်းငါ။
နားမလည်တဲ့သူကလည်းငါ။
မှန်တချပ်
ငါ့ရှေ့တည့်တည့်မှာ လာရပ်နေတယ်
မှန်ထဲက မျက်နှာ
အဲဒါ ငါမဟုတ်ဘူး။
ကောင်းကင်ကို
ရတု @ 2011
10 years ago
ဒီကဗျာ ဖတ်ပြီး စိတ်လေ သွားတယ် အစ်ကို
ReplyDeleteသရဲလားဟမ်...
ReplyDeleteငါနဲ့င့ါသာ နှိုင်းယှဉ်ပါလဲ
ReplyDeleteငါ့ကိုယ် ငါမပိုင်
နာရီလက်တံကို ကိုင်ရင်း
အနိစ္စ ရထားပေါ်ေ၇ာက်
ငါကိုယ်တိုင် ပျောက်သွားတာက
ငါ...ပါလား...