Thursday, June 10, 2010

ပွင့်ဖတ်ဝတ်ဆင်ထားတဲ့ကျောက်

လူအုပ်ကြားထဲမှာမှ
အထီးကျန်မှု အနံ့က ရတာ။
ငါကိုယ်တိုင် နားမထောင်ချင်တဲ့ စကားတွေ
ရွှန်းရွှန်းဝေအောင် ပြောနေရတယ်။

ငါ့ကို ငါမဆန်ဖို့
ငါ့ကိုယ်ငါ ဆန်တက်
မျက်နှာဖုံး တခု တပ်လိုက်မှ
အားလုံးမှတ်မိသွားကြတယ်။
ကောင်းကင်ကို

5 comments:

  1. မမှတ်မိစေချင်ရင် မျက်နှာဖုံးချွတ်ထားလိုက်ရမှာပေါ့နော့်း)

    ReplyDelete
  2. အဟုတ်ပဲ ကိုကောင်း ရ။ ဟန်ဆောင်မှုပြည့်မှ လူတွေက မှတ်မိနေကြတယ်။

    ReplyDelete
  3. လိမ်ညာပြီး ပြောစကား
    နားအကြားချိုသာ...
    ဒီကလေး...တော်လိုက်တာတဲ့....။
    မှန်မှန်ကန်ကန်စကား
    သဘောတွေ့မသွားတော့
    အလကား..ဒီကလေး...
    ဘေးဖယ်ပေး...ဆိုပဲ...။
    ခုခေတ် လူကြီးအတွေးလေ...
    ခုခေတ် လူကြီးတွေ အဲဒီလို အရေးပေးတာပေါ့...။
    လူကြီးကြိုက်အောင်နေတတ်ပါစေ....။

    ReplyDelete
  4. ငါကိုယ်တိုင် နားမထောင်ချင်တဲ့ စကားတွေ
    ရွှန်းရွှန်းဝေအောင် ပြောနေရတယ်။


    မျက်နှာကိုဟန်ဆောင်ပြုံး
    တသက်မမုန်းချင်အောင်ဟန်ဆောင်ထား
    ပုံစံမျိုးစုံမျက်နှာဖုံးတပ်
    ဟန်ဆောင်ရယ်မော
    ဘ၀တောမှာ မမောသေးဘူးလားမေးချင်တယ်

    ReplyDelete
  5. အဓိပ္ပါယ် ရှိလိုက်တာ ..

    ReplyDelete