Sunday, June 6, 2010

"မိုမို"ရေ..."ဟူး"

(၁)
တခါတခါ
လူ့ဘဝက
‘ငါး’ဘဝထက် ဆိုးတယ်
မျှားထားတဲ့ အစာမှန်း သိသိကြီးနဲ့
အလုအယက် ဟပ်နေရတယ်။

(၂)
တခါတခါ
လူ့ဘဝက
ဆင်လိမ္မာ ဘဝထက် ဆိုးတယ်။
မလိုအပ်ပဲ အခေါ်ခံရလည်း လိုအပ်လာရင်
‘ဘုရား’ထူးရသေးတယ်။

ကိုယ့်အကြောင်း အမှတ်တံဆိပ်ကို
လောက က ခတ်နှိပ် ပေးလိမ့်မတဲ့။
ဒီလိုနဲ့လူတွေဟာ
လက်ခံမှု၊ လက်မခံမှုတွေ အလိုကျ
မျက်လုံးဖွင့်ချိန်ကနေ ပိတ်ချိန်အထိ
ဆင်လိမ္မာလို ကပြနေရတာပဲ။

(၃)
သြော်..
ကိုယ်မြင်နေကျ သတ္တဝါတွေလည်း မဖြစ်ချင်
လူ့ဘဝကိုလည်း အားမရနဲ့…
လူတွေဟာ
ကောင်းကင်ဘုံနဲ့ နတ်ပြည်တွေကို စိတ်တိုင်းကျ ဖန်ဆင်း
ဟော…ကြည့်လိုက်!
အာကာသ အမှောင်ဟာ
ရွှေရောင် တဝင်းဝင်းနဲ့။
ကောင်းကင်ကို

7 comments:

  1. သြော်..
    ကိုယ်မြင်နေကျ သတ္တဝါတွေလည်း မဖြစ်ချင်
    လူ့ဘဝကိုလည်း အားမရနဲ့…

    ReplyDelete
  2. မိုမိုရေလို့ လာခေါ်ရင် ဘယ်လိုထူးရပါ့။

    ReplyDelete
  3. ပြောမပြတတ်တော့တဲ့လူ့ဘဝ
    ပြောပြနေရတာလဲ မောပ...။

    အောချရလောက်တဲ့ လူ့ဘဝ
    အဟောဝတ နဲ့လဲ ပြောရ...။

    ဒေါပွလောက်စရာတွေနဲ့ လူ့ဘဝ
    ကျောချခံလို့ ဓါးပြမှန်း မသိကြ...။

    မျှားထားနဲ့ အစာမှန်းသိသိကြီးနဲ့
    အော်...အလုအယက် ဟပ်ကြ....။
    အလုအယက်...ဟပ်ကြ.......

    ReplyDelete
  4. အကာသ အမှောင်ဟာ ရွှေရောင် တ၀င်းဝင်းနဲ့ဆိုတော့ အင်း ရွှေတုံးတွေရှိတယ်ဖြစ်ရမယ် သွားတူးရအောင် ကိုကောင်းကင်း)

    ReplyDelete
  5. ဆရာရေ...
    သဘာဝကျရဲ့လားမသိဘူး ဆရာ့ဆီကနေ ရောသမမွှေ ကဗျာလေးဆီ လာခဲ့ပါဦး...။

    ReplyDelete
  6. ဒီလိုပဲပေါ့။

    ReplyDelete