(၁)
ရင်ဘတ်မှာ မြှားတန်းလန်းနဲ့ လူနာတွေ…
ဘယ်သူတွေလဲလို့ ကြည့်လိုက်တယ်
ကျနော်တို့ ကိုယ်တိုင် ဖြစ်နေတယ်။
(၂)
လူ့ ဘဝဆိုတာ
မွေးကတည်းက ခြွေအချခံလိုက်ရတဲ့
သစ်ရွက်တရွက်ပါပဲ။
ပျံတက်ခြင်းနဲ့ ကြွေကျ
သူ့ ဘဝခရီး ခဏမှာ
သစ်ရွက် တရွက်က ဆိုတယ်
လူသားရဲ့အစ…ဘုရားသခင်ရဲ့ ဖန်ဆင်းမှုကတဲ့။
နောက်တရွက်က ငြင်းတယ်။
လူသားရဲ့အစ…ဗြဟ္မာကြီးလေးပါးက။
ဒီလိုနဲ့ 
ယုံကြည်မှု ‘ချို’တွေ တထောင်ထောင်နဲ့
သစ်ရွက်နှစ်ကောင် ခတ်တဲ့ကြားမှာ
နားရွက်လေး တစုံ ကြားညပ်သွားတယ်။
ကျနော်
မြှားဒဏ်ရာကိုသာ အာရုံရောက်နေတဲ့ သစ်ရွက်နု
ကိုယ်တိုင်မသိတဲ့အရာအတွက် ရန်ဖြစ်ဖို့ ဝန်လေးလှတဲ့ အရိုးစု
စားပွဲကို လက်သီးနဲ့ ဝုန်းခနဲထု
အာရုံတွေကို ကျနော့်ဆီ လုလိုက်တယ်။
ပစ္စုပ္ပန်ကို တည့်တည့်ကြည့်
မြင်နိုင်သလောက်ပဲပြောကြည့်မယ်။
လူဟာ လူက ဆင်းသက်တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ပစ္စုပ္ပန်ကို တည့်တည့်ကြည့်
ReplyDeleteမြင်နိုင်သလောက်ပဲပြောကြည့်မယ်။
လူဟာ လူက ဆင်းသက်တယ်။
ွှ့That's right!!!
It5 Masterpiece and G8 Bro........
ReplyDeleteရှောက်မပြောတော့ဘူး
ReplyDeleteကြိုက်တာလေးပဲပြောမယ်။
ဒီလိုနဲ့ 
ယုံကြည်မှု ‘ချို’တွေ တထောင်ထောင်နဲ့
သစ်ရွက်နှစ်ကောင် ခတ်တဲ့ကြားမှာ
နားရွက်လေး တစုံ ကြားညပ်သွားတယ်။
စားပွဲကို လက်သီးနဲ့ ဝုန်းခနဲထု
ReplyDeleteအာရုံတွေကို ကျနော့်ဆီ လုလိုက်တယ်။
သိပ်ပီး အလန့်ထညက်တွေလုပ်တာပဲ... :D
အလွန်ကောင်း၏
အားပေးနေပါသည်....
သစ်ရွက်တွေရဲ့စကားဝိုင်းမှာ ယုန်သူငယ်လေး မျက်စိသူငယ် နားသူငယ်နဲ့
ReplyDelete:D