လောကကြီးကလည်း
ငှားဝတ်ထားတဲ့ အလင်းရောင် တွေကိုချွတ်
သူ့ကိုယ်သူ ညအမှောင်ထဲ လွှတ်လိုက်ပြီ
မင်းနဲ့ငါနဲ့လည်း
မလိုအပ်တော့တဲ့ ယဉ်ကျေးမှု တွေကိုချွတ်
ငှက်ကလေးတကောင်စီ သဘာဝထဲကို လွှတ်ရအောင်။
အချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
အမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။
အိမ်ထောင်ရေးဆိုတာ
‘အိမ်’ ဆိုတဲ့ ‘ထောင်’ လေးတဲ့။
မင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကောင်းလင့်တေး။ ဟုတ်မဟုတ် လုပ်ကြည့်မယ်။
ReplyDeleteအစ်ကို မိန်းမယူတော့မယ်ထင်ပါ့ ကောင်းတယ် ကောင်းတယ် ၀ါမ၀င်ခင်လေး =)
ReplyDeleteမင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ReplyDeleteပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ" တဲ့။
မရခင်တော့ ဒီလိုပဲ ကြုံးဝါးကြတာပါပဲ။ ရသွားရင်တော့ ဘယ်လို ပြန်ရေးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ဟဲဟဲ
ဥယျာဉ်ကြီးထဲပဲ လှောင်လှောင်
ReplyDeleteငှက်ကလေးတစ်ကောင်စီပဲလွှတ်လွှတ်
ခြုံတွေကြားက ပန်းတစ်ပွင့် ပဲ စမ်းစမ်း
အရေးကြီးတာက
ဖိတ်စာတစ်စောင်တော့ ကမ်းလိုက်စမ်းပါ။
လိပ်စာက ဂျပန်က မိုညေ သိတယ်။
ကောင်းလိုက်တဲ့ ကဗျာလေးပါဗျာ။ ဒို့ကိုကြီးကောင်းကတော့ တကယ့်ကဗျာကောင်းတွေ အမြဲတမ်းမွေးပျံ့နေတယ်ဗျာ။
ReplyDeleteအချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
အမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။
ကျန်းမာပျော်ရွှင်ပါစေဗျာ။
မာန်လှိုင်းငယ်
အချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
ReplyDeleteအမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။
ကောင်းတယ်ဗျာ။ ကိုကြီးကောင်းကတော့ ကဗျာဝိုင်ချိုတွေ တခွက်ပြီးတခွက် ထုတ်လုပ်နိုင်တယ်ဗျာ။
ကျန်းမာရွှင်လန်းပါစေ၊
မာန်လှိုင်းငယ်
ကောင်းလိုက်တဲ့ ဖွင့်ဆိုချက် ...
ReplyDelete