Thursday, December 3, 2009

တက္ကသိုလ်

ဆုံစည်းခြင်းတွေ စခဲ့တဲ့နေရာ ၊ ခွဲခွာခြင်းတွေ စခဲ့တဲ့နေရာ

မျှော်နေခဲ့ပြီး ရောက်သွားတော့မှ မလှပခဲ့တဲ့ အိပ်မက်လေး

ရယ်သံတွေက လွှမ်းလိုက်၊ ကျည်ဆံတွေက ကြမ်းလိုက်
ဖွင့်လိုက်၊ ပိတ်လိုက်…..နိုးလိုက်၊ အိပ်လိုက်နဲ့.....

အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
သွေးအစည်းဆုံး ပါတီဌာနချုပ်

သြော်
နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း
ဗြောက်ဖောက်သူတို့ နဲ့ တောက်ခေါက်သူတို့ ရဲ့
ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ
မှန်းဆလို့  ချစ်နေချင်သေးတယ်။
ကောင်းကင်ကို

12 comments:

  1. ကျွန်တော်ကြိုက်တယ် ဒီကဗျာလေးကို
    ကျုပ်လည်းလွမ်းလှပြီဗျ။
    ခက်နေတာက ဟိုးအရင်ကလိုကျေးဇူးရှင်တို့ မိဘတို့ကိုစော်ကားသူတွေကို ကမ္ဘာမြေကြီးကဟက်တက်ကွဲပြီးမြေမျိုတဲ့အလုပ်မလုပ်
    တော့ဘူးဗျ

    ReplyDelete
  2. တောက်ခေါက်သံက..နိုင်ငံသာဝေးကွာတာ..အတူတူဘဲလေ..တိုးတာနဲ့ကျယ်ကျယ်ခေါက်တာ..ဒါဘဲကွာပါတယ်..ကောင်းကင်ရေ
    ကောင်းတယ်ကဗျာလေးက

    ReplyDelete
  3. တကသိုလ် ကို သတိရတဲ့သူ နောက်တယောက် ...

    ReplyDelete
  4. ကြိုက်၏

    ReplyDelete
  5. လန်ထွက်နေတာဘဲ ကောင်းလွန်းလို့ကဗျာလေးက

    ReplyDelete
  6. “ဗြောက်” သာကုန် ((((တောက်)))) သံ ညံမဆဲ..

    ReplyDelete
  7. university poem lay ka aa yan ko good nay tal

    ReplyDelete
  8. ကိုကောင်းကင်
    လာဖတ်သွားတယ်ခင်ဗျ
    ဘယ်အချိန်မှာ ဘာရေးရေး အကို့လက်ရာကိုတော့ ကျွန်တော်ကြိုက်ပြီးသားပဲဗျာ။

    ReplyDelete
  9. ကိုကောင်းရေ

    အလုပ်များလို့ လာမလည်ဖြစ်တာ ကြာသွားတယ်။ ဒီတစ်ခါ ပြန်လာတော့လည်း ကဗျာတွေက ရင်ဘတ်ထဲကို တည့်တိုးကြီးဝင်သွားတယ်။

    “အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
    သွေးအစည်းဆုံး ပါတီဌာနချုပ်”

    "ဗြောက်ဖောက်သံ နဲ့ တောက်ခေါက်သံ"

    ကောင်းတယ်ဗျာ

    ReplyDelete
  10. I especially like this. "သြော်
    နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
    ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း"

    ReplyDelete
  11. သြော်
    နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
    ခေတ်တွေ ဘယ်လိုပဲ
    မပြောင်း မပြောင်း
    ဗြောက်ဖောက်သူတို့ နဲ့ 
    တောက်ခေါက်သူတို့ ရဲ့
    ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ ဆိုတော့
    အဲဒါ
ွှတက္ကသိုလ် မဟုတ်ဘူး
    လူသတ်ကွင်း
    ဖြစ်သွားပြီ
    တခါတလေလဲ အဲဒီလူသတ်ကွင်းအကြောင်း
    ဖြောင်သာရေးလိုက်ပါတော့ ကောင်းကင်ကို၇ယ်

    ReplyDelete
  12. အရမ်းကြိုက်တယ်.

    ReplyDelete