အဖေနဲ့ အမေကတော့
လူမခိုးနိုင်မယ့် အမွေ
ပေးဖို့ ကြိုးစားခဲ့ကြတာပဲ။
ဒါပေမယ့်
ပေးသူနဲ့ ယူသူကြားမှာ
ခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…
မကူးနိုင်သေးတဲ့မြစ်ကြီးတခု ခြားနေတယ်။
အရာရာတိုင်း မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေသတဲ့။
ငါနေခဲ့ရတဲ့ကျောင်းတွေမှာ အလင်းနဲ့ အမှောင် ဘယ်လောက်အချိုးရှိလဲ။
ကျောင်းမှာ သင်ခဲ့ရတာတွေကတော့
မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေ
အင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေ
သချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေ
ဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေ
သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ….
သြော်...
ကလေးငယ် တယောက်နို့ဆာနေသလို
ပညာကို ဆာလောင် ငတ်မွတ်နေသူတွေအတွက်
ကျောင်းတွေတော့ ရှိပါရဲ့။
ဒါပေမယ့်…
မတက်လို့ လည်းမရ၊ တက်ပြီးတော့လည်း ဟန်မကျတဲ့
အဲဒီ့ကျောင်းတွေကို
အားမနာတမ်း ဥပမာပေးရရင်
မြန်မာပြည်က ကျောင်းတွေဟာ...
ပူပြင်းခြောက်သွေ့ လွန်းတဲ့ ကန္တာရထဲက
လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ။
ကောင်းကင်ကို
ရတု @ 2011
12 years ago
အကိုပြောတာမှန်တယ်။
ReplyDeleteဘယ်လိုဘယ်လို....??????
ReplyDeleteလောက်တွေမျိုးပွားနေတဲ့
သောက်ရေအိုးများ....
အင်း...ထိထိမိမိရှိပါပေတယ်ဗျာ...။
“လောက်တွေမျိုးပွါးနေတဲ့
ReplyDeleteသောက်ရေအိုးများ...”
ထိထိမိမိ တွေးတတ်လွန်းတယ် ကိုကောင်းကင်ရယ်..
yeah absolutely right. I love this poem althogh I didn't like slave poem before. keep going brother...
ReplyDeleteအော် ကျောင်းတော်ကြီးတွေ ကျောင်းတော်ကြီးတွေ ... တစ္ဆေတွေ ပူးကပ်နေတဲ့ ၀တ်ကျောင်းအိုကြီးထဲမှာ ဆုတောင်းမှ ရမယ်ဆိုရင် .....
ReplyDeleteမြန်မာပြည်က ကျောင်းတွေက
ReplyDeleteအဟာရချို့တဲ့လွန်းလို့
နို့ရည်ခန်းသွားရှာတဲ့
မိခင်တွေ...။
မအယ်
ကဗျာခေါင်းစဉ်လေးနဲ့ အကြောင်းအရာလေးက လိုက်တယ်ဗျာ။ တကယ့်လက်ရှိအခြေအနေကို ထင်ဟပ်ပြနေတဲ့ ကဗျာလေးပဲ
ReplyDeleteVery good poem.
ReplyDeleteကြိုက်တယ်ဗျာ အဲဒီကဗျာ...
ReplyDeleteအဲဒီ ပိုးလောက်လန်း ပညာရေးစနစ်ကြီး ကို ထိမိအောင်ရေးပြနိုင်ပါပေ့...။
ReplyDeleteသောက်ရေအိုးထဲက လောက်တစ်ကောင်ဟာ ကျွန်တော်ဖြစ်ခဲ့ဖူးပါရဲ့။
ReplyDeleteပညာရေးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် များစွာပါရှိတဲ့ ကဗျာကောင်းလေးတခုကို ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်မ ငယ်ငယ်က စာစီစာကုံးကို ဘယ်တုန်းကမှ မကျက်ခဲ့ဖူးဘူး စာစီစာကုံးကို မကျက်ပဲနဲ့ ကိုယ့်အရေးအသားနဲ့ ကိုယ်ဖြေတော့ ဘယ်တော့မှ အမှတ်မရဘူး ဒါကြောင့် တခြားဘာသာတွေမှာ အမှတ်ပြည့် ရဖူးပေမဲ့ မြန်မာစာမှာ တခါမှ ၇၀ ပြည့်အောင် မရဖူးဘူး။ သတ်ပုံမှားတာလည်းပါတယ်။ Biology ဆိုတာ မြန်မာပြည်မှာတုန်း အစ်မအတွက် တကယ်ကို စိတ်ပျက်စရာ Subject ဖြစ်ခဲ့ပေမဲ့ ဒီမှာရောက်ပြီး အထက်တန်းအဆင့် ပြန်တက်တော့ ဘိုင်အိုမှာ ဆရာက သီအိုရီပဲ သင်ပြီး ကျန်တာကို မိမိဖါသာ ဓါတ်ခွဲခန်းမှာလည်း Eeperiment လုပ်ပြီး အပြင်မှာလည်း အချက်အလက်ရှာ Ijvestigation လုပ်ပြီး Analysis လုပ်ရတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဘာသာ ဖြစ်နေတယ်။ နောက်ပိုင်း အလျဉ်းသင့်ရင် ပို့စ်တခုလောက်တော့ တင်ဖြစ်အောင် ကြိုးစားဦးမယ်။ ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်။ ပြီး တော့ အနိုင်မခံ ကဗျာရဲ့ မူရင်း စပ်ဆိုသူအမည်မှန်နဲ့ မူရင်းအင်္ဂလိပ်လိုကိုပါ မှတ်ချက်မှာ လာရေးပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော့်။
ReplyDeleteကောင်းတဲ့ နိမိတ်ပုံလေးတွေပါတဲ့ ကဗျာပါ။ လင့်ခ်အသစ်ကို ပြန်လင့်ခ်ထားလိုက်ပြီဗျာ။
ReplyDeleteအိုးဝေအောင်
ခေါင်းစဉ်က နို့ရည်ခမ်းတဲ့မိခင်ဆိုတော့ နောက်ဆုံးတိုနိဂုံးချုပ်တဲ့ ဥပမာလေးကို မဖတ်ခင် ကဗျာဆရာ ဘယ်လိုများ တင်စားမလဲလို့ ရင်တမမနဲ့ ခြောက်သွေ့တဲ့ သဲကန္ဒာရက ညိုးနေတဲ့ပန်းလေးလား တစ်ခုခုကိုတော့ ဥပမာပေးတော့မယ်လို့ သိလိုက်တဲ့ အချိန်နဲ့ သူ့ဥပမာကိုဖတ်လိုက်ရတဲ့ အချိန်ကာလအတွင်း သုံးစက္ကန်လောက်မှာ ကျမအတွေးဖြစ်သွားတာ စိတ်လည်းလှုပ်ရှားဖို့ကောင်းတယ် ဘယ်လိုများ ထွက်လာမလဲဆိုတဲ့စိတ်ကူးနေတာ ရေးချလိုက်တာက လောက်တွေမျိုးပွားတဲ့ သောက်ရေအိုးများ ဆိုပါလား ဟားးးးးးးးးးးးးးး တော်တော်စဉ်းစားတတ်တယ်နော်
ReplyDelete