တယောက်တည်း ငိုနေပြီဆိုရင်
အများစုက နားလည်ပေးကြလိမ့်မယ်။
တယောက်တည်း ပြုံးနေပြီဆိုရင်တော့
ထူးဆန်းနေသလိုမျိုး ကြည့်ကြလိမ့်မယ်။
သြော်...
လူများစွာကို တပြိုင်တည်းမုန်းခဲ့သူတွေတောင်
လက်ခုပ်သံတချို့  ရခဲ့ကြသေးတယ်။
လူနှစ်ယောက်ကို တပြိုင်တည်းအချစ်
အဲဒီ့မှာ အပြစ် ဖြစ်သွားတော့တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
အားပေးတယ် လုပ်သာလုပ်..
ReplyDeleteအင်း...ငါ့အစ်ကိုကြီးတော့ တခုခုတော့ တခုခုပဲနော်...
ReplyDeleteသိနေတယ်..း)
သူများတွေတော့ မသိ
ReplyDeleteကိုကောင်းကင်ရဲ့  ကောင်မလေးကတော့
ဒီကဗျာဖတ်ပြီး စိတ်ကောက်မှာ အမှန်ပဲ
Good poem! But, be careful. :-P
ReplyDeleteပုစ္ဆာ က ခက်ခဲ၊
ReplyDeleteအတွေး က နက်နဲ၊
အဖြေသိရင်တော့ “ချက်” က နဲ။
ကောင်းကင်ကိုရယ် (တခါတခါ ကောင်းရင်မကြိုက်တဲ့ လောက…မှာ)၊
နှစ်ယောက် တပြိုင်တည်း၊
ချစ်နိုင်ရဲတယ်
တော်တော် အဖြစ်သည်း။ ။
ပုစ္ဆာ က ခက်ခဲ၊
ReplyDeleteအတွေး က နက်နဲ၊
အဖြေသိရင်တော့ “ချက်” က နဲ။
ကောင်းကင်ကိုရယ် (တခါတခါ ကောင်းရင်မကြိုက်တဲ့ လောက…မှာ)
နှစ်ယောက် တပြိုင်တည်း
ချစ်နိုင်ရဲတယ်
တော်တော် အဖြစ်သည်း။ ။
အတွေးကို သဘောကျတယ်။
ReplyDeleteး)
ReplyDeleteဆရာသမား....အချစ်တွေသိပ်ပေါနေတယ် ထင်ပါ့...တော်ပြီလား နှစ်ယောက်ဆိုရင်..
ReplyDeleteလာဖတ်သွားပါတယ်ဗျာ..။
ReplyDeleteတော်တော်နောက်တတ်တယ်နော်
ReplyDelete