ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။
ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။
ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။
ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။
ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။
ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ချစ်ကောင်းသီချင်းလိုပဲ ကိုယ့်ကျတော့အမြဲတမ်းခက်နေပါလားဟေ့ ဆိုသလို ကျွန်တော်တို့မလဲ အမြဲတမ်းပဲ အခက်ကြုံနေရတယ်။ ဘယ်တော့မှများ လွယ်မှာလဲမသိတော့ဘူးဗျာ
ReplyDeleteခက်တယ်။
ReplyDeleteစေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
ခက်တယ် ခက်တယ်... မှန်တာတွေသိပ်မရေးနဲ့လေ.... တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည် သို့သော်ဘယ်နေ့မှန်းမသိ ... :)
ကဗျာ တွေ အကုန် ကြိုက်နေတာလည်း ခက်တယ်.. :P
ReplyDeleteကဗျာရေးလိုက်တိုင်း ကောင်းနေလို. ကြိုက်လွန်းလို. အမြဲတမ်းစောင်.ဖတ်နေရတာလည်းခက်တယ်ဗျာ...
ReplyDeleteကိုကောင်းကင်ကို လာလည်သွားပါတယ် ကဗျာရဲ့ Tone က အရမ်းမြင့်တယ်ဗျာ
ReplyDeleteလေးစားလျှက်ပါ။
တစ်ယောက်တစ်မျိုးစီ ပေါက်ကွဲထွက်နေကြတာပါပဲလား အကိုရဲ့ ကျွန်တော်တောင် ပေါက်ကွဲချင်လာပြီ။ ဒါပေမယ့် ပေါက်ကွဲလို့မရတ ခက်တယ်။
ReplyDeleteကိုကောင်းကင်ကို လာလည်သွားပါတယ် ကဗျာရဲ့ Tone က အရမ်းမြင့်တယ်ဗျာ
ReplyDeleteလေးစားလျှက်ပါ။
မောင်လေးရေ ကဗျာတိုင်းကောင်းပြီးသား
ReplyDeleteအတွေးနက်နက်နဲ့ ရေးတက်တာကို ဂုဏ်ယူတယ်
ဒီကဗျာကလဲ ကောင်းလွန်းတာ ခက်တယ်။ :)
ReplyDeleteကဗျာကမှန်လို. သူများတွေကို ပြောပြဖို.လဲ ခက်တယ် သိသိရက်နဲ့ ငြိမ်နေရတာလဲ ခက်တယ် ဟိဟိ
ReplyDeleteအကို လာလည်တယ်နော်
နောက်ထပ်ကဗျာတွေများစွာရေးနိုင်ပါစေလို........ဆုတောင်းရင်း
မန်မာ ဖြစ်နေပြီး မြန်မာပြည်မှာ
ReplyDeleteမနေရ တာ လဲ ခက်တယ်.။ ခက်တယ်...။
ခက်နေတာတွေကို လွယ်အောင် အမြန်လုပ်ဖို့ အကြံထုတ်နိုင်ကြပါ စေလို. ဆုတောင်းလျှက်
လက်တလောဖြစ်နေတာတွေ အားလုံးကို အရှိအတိုင်း ပြောင်မြောက်အောင် ရေးသားထားတဲ့ ကဗျာတပုဒ်ပဲဗျာ ကောင်းလွန်းပါတယ် လေးစားလျှက်ပါခင်ဗျာ
ReplyDeleteကဗျာလာယူသွားပါတယ်။ ကျန်းမာပါစေ။
ReplyDeleteအတွင်းအပြင် အကုန်ထိအောင် ခြုံငုံပြီး ရေးနိုင်ဖို့ ဆိုတာခက်တယ်။
ReplyDeleteအမြဲလေးစားလျှက်.....
ဒီလိုခေတ်အချိန်မှာ ကျွန်မတို့မြန်မာပြည်နဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ တကယ့်အဖြစ်မှန်တွေကို အခုလို ထိရောက်တဲ.စကားလုံးတွေနဲ့ သတင်းပေးနိုင်တဲ့ အပြင် ကဗျာတစ်ပုဒ်အနေနဲ. ရသကိုပေးနိုင်တဲ့ ကောင်းကင်ကို ရေ။ ဒါတွေအားလုံးကို ဒီထက်ပိုပြီး သမိုင်းတွင်စေချင်တယ့် ကျွန်မရဲ့ သဘောထားခံစားချက် ကို ပြောပြဘို.လည်း “ခက်တယ်”
ReplyDeleteဘလော့စပေါ့ ပြောင်းမယ်ဆိုတော့ ကျော်ရခွဦးမယ်... ခက်တယ်
ReplyDeleteလက်တွေ့ဘဝရဲ့ ထိုးနှက်ရိုက်ဆင်မှု့တွေကို
ReplyDeleteလျစ်လျူရှုခြင်း ခံနေရတာလည်း ခက်တယ်...
သိပ်ကို ကြေကွဲဖို့ကောင်းသွားတယ် ..
ReplyDeletenice one
ReplyDelete