ရင်ဘတ်ထဲက တိတ်တိတ်အော်လို့ 
ညက အိပ်လို့ မပျော်ဘူး။
နိုးလာတော့လည်း
ပျောက်ဆုံးနေဆဲ…သတိ
စိတ်နဲ့ ကိုယ်ကို ကပ်ဖို့ မရှိဘူး။
လျှောက်ချင်နေတဲ့ခြေထောက်တွေ ရှိနေတာတောင်
လျှောက်ရမယ့် လမ်းတွေကို မတွေ့ တော့ဘူး။
မြောက်ချင်နေတဲ့ လက်တွေ ရှိနေတာတောင်
အသိအမှတ်ပြု အနိုင်ယူမယ့်သူ မရှိပြန်ဘူး။
အားပေးစကားတွေကလည်း
အားပေးစကားတွေပီပီ
လက်တွေ့ မကျကြတော့
ငါ့အတွက် ကောက်ရိုးတစ ဖြစ်မလာခဲ့ဘူး။
နှစ်သိမ့်စကားတွေဆိုတာ
ငါ့ကမ္ဘာ တကယ်ပျက်သွားကြောင်း
သက်သေထွက်ဆိုချက်တွေပဲ ဖြစ်တယ်။
လေလွင့်နေတဲ့ စိတ်ကိုကပ်ဖို့ 
အာရုံတခုခုကို လိုက်ရှာနေရတာလည်း
ကန္တာရထဲမှာ ရေရှာနေရသလိုပဲ
နှစ်ကြိမ် နှစ်ခါ မောတယ်။
ငါဟာ
လှုပ်ရှားနေတဲ့ သချိ င်္ုင်ကြီးထဲမှာ
အရှင်လတ်လတ် မြှုပ်ထားခံရသူတယောက်
ဘဝကို တာဝန်ကြီးတခုလို့ အဓိပ္ပါယ်ကောက်ရင်း
ငါ့စိတ်တွေ ပင်ပင်ပန်းပန်း အလုပ်ဆင်းနေရတယ်။
သြော်…
ဘဝဆိုတဲ့ ကစားကွင်းထဲမှာ
ဒဏ်ရာရကစားသမားတယောက်…
ပွဲသိမ်းဝစီမှုတ်သံကို စောင့်ရင်းက
ဖွဖွလေး ထိခိုက်မိရုံနဲ့ တောင်
စိတ်ဓာတ်တွေ နာကျင်နေတော့တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ဘာတွေလည်း ဘာတွေဖြစ် အကိုတော်....ဟိ
ReplyDeleteကောင်းကင်ကြီးရေ ပင်လယ်ကြီးဆီရောက်ရင် တို့တွေ အနည်းဆုံးတော့ စိတ်မောတွေပြေမယ်ထင်ရဲ့ အတူသွားစို့...
ReplyDeleteဆရာကောင်းရေ... တကယ်လည်း ကျနော်တို့တွေက တည်ငြိမ်မလိုနဲ့ ထိလွယ်ရှလွယ်နေပါပြီ။
ReplyDeleteဘဝကို တာဝန်ကြီးတခုလို့ အဓိပ္ပါယ်ကောက်ရင်း
ReplyDeleteငါ့စိတ်တွေ ပင်ပင်ပန်းပန်း အလုပ်ဆင်းနေရတယ်။
အဲဒီ့လိုပဲ ငါ့ မောင်ရေ့  မင့်ကဗျာ တွေ က ဖတ်လိုက်တိုင်း ဘုတ်ဆုံမ ပဲ --သိလား ဘုတ်ဆုံမ ဆိုတာ --ဟတ် ကို ထိ တာပြောတာ --ကြေညာ --
တခါတခါလည်း အဲ့အရသာမဲ့တဲ့ ရက်စွဲတွေကိုပဲ မျက်စိစုံမိတ် ကြိတ်မှိတ်ကာ မျိုသိပ်ရင်းပေါ့...
ReplyDeleteဒီကဗျာကို နှစ်သက်မိပါသည်
ReplyDeleteခံစားချက်တွေ ထပ်တူကျနေတော့ ဒီကဗျာက ကိုယ်ထဲပူးဝင်စီးမျောသွားတယ်…
ReplyDeleteကိုကောင်းကင်ကို မတွေ့ တာကြာပြီဗျာ ကဗျာက ကောင်းတယ်။ ရင်ထဲက talent တွေ အမြဲထွက်နိုင်ပါစေ။
ReplyDelete