ရှတတနဲ့  အယ်(လ်)ကိုဟော အခါးရည် တခွက်
ငါ့ဘဝအတွက် တကယ်ချိုသော ပျားရည်စက်ပေါ့။
အရသာခံလို့ မော့လိုက်တယ်။
သူငယ်ချင်းတို့ ၊ အချစ်အကြောင်းနဲ့ တော့ မမြည်းကြပါနဲ့ ။
ငါက
အရှုံးသမား ကျားနာတကောင်
နှလုံးသား အစားအစာရှောင်တယ်။
သြော်…ငါ့အဘိဓာန်စာအုပ်များထဲက
အသာထုတ်ထားခဲ့တဲ့ ဘဝမျိုးထဲ
ငါဟာလေ အခုမှပဲ မျောပါ
နာတာရှည် ကုမရတဲ့ရောဂါနဲ့ ။
အချိန်တန် အိမ်ပြန်ချိန် ရောက်ပြန်တော့လည်း
ပုလဲ တပေါက်ခြင်း ကြွေနေတဲ့ ကမ္ဘာမှာ
အသည်းမခြောက်မချင်း ထွေနေမယ့်ငါဟာ
ဆောင်းစရာထီးမရှိတော့
ခံစားချက်မဲ့နေတဲ့စိတ်ကိုပဲ
ထီးအစားထိုးလို့ ဆောင်းလိုက်တယ်။
ဒီလိုနဲ့ 
အကာအကွယ်မဲ့သွားတဲ့ ငါ့အပေါ်
တစင်းပြီး တစင်း ညာသံပြင်းပြင်းနဲ့ 
ခုန်ဆင်းလာတဲ့ မိုးစက်ပွင့်တွေကို
အဟုန်ပြင်းစွာ ထိုးနှက်ခွင့်ပေးလိုက်ရတယ်။
ဂရုထားသူ မရှိတဲ့ အရိပ်များနဲ့ 
ရှုစားသူ မရှိတဲ့ပိတ်ကားပေါ်မှာတော့
သဘာဝတရားရဲ့ အစက်အပေါက်တွေ အောက်မှာ
‘အနာ’ရ ထားတဲ့ အစက်အပြောက် တပြောက်
ကမ်းပျောက်ခြင်းအတွက် လေနေတယ်။
သြော်…လမ်းလျှောက်ရင်းနဲ့ သေနေတယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကြိုက်ပြန်ပြီ...
ReplyDeleteမင်္ဂလာပါ။ ကဗျာလာဖတ်သွားပါတယ်။ နောက်ဆုံးပိုဒ်ကို သိပ်သဘောကျတယ်။ ဘာအတွက် ရည်ရွယ်တယ်ဆိုတာ မသိပေမယ့် အဲဒီလို ခံစားရတဲ့သူတွေ သိပ်များမယ်ထင်တယ်။
ReplyDeleteဘာပြောရမှန်းတောင် မသိဖူးဗျာ...
ReplyDeleteစကားလုံးရွေးချယ်တာတွေ သိတ်ကောင်းတယ် မောင်လေးရေ အသဲမခြောက်မချင်း အမြဲထွေ နေတဲ့သူတွေအတွက်တော့ သတိချပ်စရာပဲ --
ReplyDeleteကဗျာဆရာတစ်ယောက် သေချာပေါက် ပါပဲ မောင်စိန်ဝင်း တို့  ကိုငယ်ငယ် က ဟုတ်လှချည်ထင်တာ မောင်လေး တို့ လို မျိုးဆက်သစ်တွေမှာလည်း လင်္ကာ တွေ ပိုင်နိုင်မှု၇ှိတာပဲ-
လည်လည်ရောက်ပြီး ကဗျာတွေ ခံစားသွားပါတယ်
ReplyDelete္ကဖတ်နေတဲ. ကဗျာလည်းဆုံးရော သက်ပြင်းလည်းသူ.အလိုလို ချလိုက်မိတော့တာပဲ။ ကဗျာကောင်းတွေဆက်ဖတ်ချင်ပါသေးတယ်။ အသည်းခြောက်တဲ.အထိ
ReplyDeleteစွဲမသောက်မိပါစေနဲ.လို. .....
ဒီလိုကဗျာဆရာမျိုးက ဆယ်စုနှစ်မှာလိုက်ပြေးရှာရင်တောင် ဆယ်ယောက်မပြည့်ဘူးလေ။
ကဗျာလေး ကောင်းတယ်ဗျာ
ReplyDeleteနောင်လည်းလာလည်ပါအုံးမယ်။
ကဗျာကောင်းတယ်ဗျာ
ReplyDeleteနောင်လည်းလာလည်ပါအုံးမယ်။