လူတွေကို ဆရာလုပ်ဖို့ 
အမြုတေ ကဗျာတပုဒ်လည်းရှိမယ်။
အဖော်လို ကြင်နာမဆုံးတဲ့
ဟော်လိုဂစ်တာ တလုံးလည်းရှိမယ်။
လှမ်းကာ အပြင်ကမ္ဘာနဲ့ ဆက်ဖို့ 
အခန်းမှာ အင်တာနက်လည်းရှိမယ်။
ညတာကို ကျော်လွန်ကာဖြတ်သန်းဖို့ 
ငါ့မှာ…အဖော်မွန်စာဖတ်ခန်း လည်းရှိမယ်။
ခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ 
လက်ဆေးကာနေတဲ့ ဇနီးကတော့
ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။
အချစ်တွေဆာလောင်လာတဲ့အခါ
မြန်နှုန်းမြင့်ရင်ခုန်သံကို နောက်ခံဂီတအဖြစ်ဖွင့်ပြီး
ကာယကံ၊ ဝစီကံ မနောကံနဲ့ ယုယကြမယ်။
လူတွေမရှိခိုက်မို့ ဟန်ဆောင်နေဖို့ လည်းမလို
အပူတွေမရှိခိုက်မို့  ရန်ထောင်နေဖို့ လည်းမလို
ပေလေးဆယ် ခြောက်ဆယ်နဲ့ 
ကျားတယောက်နဲ့  မတယောက်ပဲရှိတဲ့
ငါ့ စံပြကမ္ဘာငယ်လေးမှာ
ဓမ္မသယံဇာတလည်း ကြွယ်ချင်သေးတယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
အိုမာခယမ်း) အဲဒါအမှန်ပဲ အကိုရေ. . ဖတ်သွားပါသည် ။ မှတ်ချက် - ဂွတ်တယ်ဗျာ
ReplyDeleteကိုယ့်နည်းကိုယ့်ဟန်နဲ့ အိုမာခယမ်ဆိုပါလား
ReplyDeleteမိုက်တယ်ညီလေးရေ
ဘာလဲ ပြက္ခဒိန်အသစ်တခု တီထွင်စီရင်တော့မလို့လား
တဂ်ထားတယ်ညီလေးရေ..အားမယ်ဆိုရင်တော့ ရေးစေချင်တယ်...အဆင်ပြေသလိုပေါ့
great !
ReplyDeleteလန်ထွက်နေတာဘဲ ...
ReplyDeleteအစဉ်အလာမပျက် ကောင်းနေတာပါပဲနော်။
ReplyDeleteအရမ်းမိုက်တယ်..... မိုက်တယ်ဗျာ..ကိုကောင်းကင်ကြီး ....
ReplyDeleteကိုယ်နည်းကိုယ့်ဟန်နဲ့ဖတ်သွားတယ် ဂွတ် ဘရာဗို သူငယ်ချင်း
ReplyDeleteအိုမာခယမ်ဆိုတာ ဘာကို ပြောတာလည်း ကောင်းကင်ကို
ReplyDeleteဒီကဗျာထဲက ဘ၀လေးသာ ပိုင်ဆိုင်မယ်ဆိုရင်တော့ လောက နိဗ္ဗာန်ပဲပေါ့။
မအယ်ကတော့ တချို့ တ၀က် မရှိလည်း ကျေနပ်တယ်။
ကောင်းကင်ကိုလောက် လောဘ မကြီးပါ။ :)
ဥပမာ အရက် အမြည်း :))
မအယ်
ခုတလော ကောင်းကင်ကို အချစ်ဆာလောင်မှုတွေ မြင့်တက်နေတယ် ထင်တယ်။ နှုန်းမြင့်ရင်ခုန်သံကို ဂီတနောက်ခံအဖြစ်ဖွင့်ပြီး ကံသုံးပါးနဲ့ ကို ယုယကြမယ်ဆိုတော့။
ReplyDeleteကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေမဲ့ ဘ၀လေးပဲ လိုချင်ပါဘိ။ ဟိဟိ
ReplyDeleteဟုတ်တယ် အကို မကောင်းတဲ့ကဗျာလေး တစ်ပုဒ်လောက်
ReplyDeleteရေးပါဗျာ။ မကောင်းဘူးလို့ပြောချင်လို့ပါ ဟားဟား။
မြန်မာ့အကောင်းဆုံး ကြည့်ရှုသူအများဆုံး မိုးကျရွှေကိုယ်ဘလော့ ပိတ်တော့မယ် သွားကြည့်ကြပါ
ReplyDeleteမြန်မာ့အကောင်းဆုံး ကြည့်ရှုသူအများဆုံး မိုးကျရွှေကိုယ်ဘလော့ ပိတ်တော့မယ် သွားကြည့်ကြပါ
ReplyDeleteခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ 
ReplyDeleteလက်ဆေးကာနေတဲ့ ဇနီးကတော့
ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။
နပိုလီယံနဲ့တူဖို့အတွက်အာဟာရဖြည့်ပြီးရင်တိုက်ပွဲလေး
တစ်ပွဲလောက်ပါနွှဲလိုက်ပေါ့အကို....အဟေးဟေး
မေတ္တာဖြင့်
ကိုတေ
လာလည်သွားပါသည်။
ReplyDeleteပြတိုက်မှာ ပြထားသင့်တဲ့ စံပြဘ၀မျိုးပေါ့...
ReplyDeleteပြည့်စုံမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ...
ကဗျာဆရာရဲ့ အတွေးကတော့ မလေးစားပဲကိုမနေနိုင်ဘူး... :)