စောင့်ကြည့်နေတဲ့နှုတ်ခမ်းတွေကလည်း ဘဝပွင့်ငယ်ကို အပီထောင်းသွားခဲ့ပြီ။
လျှောက်မိနေတဲ့လမ်းတွေကလည်း တရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းသွားခဲ့ပြီ။
အတိတ်မှာ အရက်စက်ဆုံးမြှားချက်နဲ့ စိတ်ပိုင်းဒဏ်ရာ ရခဲ့သည်။
စိတ်ဟာ တက်ခဲ့တုန်းကလို အရှိန်အတိုင်း ပြန်ကာကျခဲ့ပြီ။
ဒီလိုနဲ့
အတွေးတွေက
သွေးတွေကို
ဝမ်းနည်းခြင်းမျက်ရည်အဖြစ်ပြောင်း
လမ်းခွဲခြင်း သက်သေအသစ်ပေါင်းလိုက်တယ်။
နင်ထပ်မလိုတဲ့ အထီးကျန်မေတ္တာတွေ
ရင်ဘတ်ဆိုတဲ့ မီးခံသေတ္တာထဲမှာသေလို့ ။
နှစ်လိုခဲ့တဲ့ ပရိုဂရမ်
အချစ်ဆိုတဲ့ ထရိုဂျန်ဟာ
ရင်ခုန်သံကို မြန်စေ၊ နှေးစေ၊ ရပ်တန့် စေသလား။
အချစ်ဟာ သူ့ ရဲ့ 
အလှအနုဆုံး လက်သီးနဲ့ 
ဘဝတခုလုံး ဖျက်ဆီးခဲ့တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကောင်းတယ်အစ်ကိုရေ့
ReplyDeleteကောင်းလိုက်တာဗျာ...
ReplyDeleteကာရန်တွေကမိုက်တယ်....
ကျွန်တော်အသံထွက်ပြီးဖတ်ကြည့်တာ
တော်တော်လေးမိုက်တယ်...
“နှစ်လိုခဲ့တဲ့ ပရိုဂရမ်
အချစ်ဆိုတဲ့ ထရိုဂျန်”
စကားလုံးတိုင်း ကာရန်တိုင်းက အရှိန်ပြင်းတဲ့ မြှားတွေလိုပဲ.. ရင်ဘတ်ထဲထိ ထွင်းဖောက်သွားတယ်..
ReplyDeleteအလှအနုဆုံး လက်သီးနဲ့ ဘ၀တစ်ခုလုံး ပျက်စီးစေတယ် တဲ့လားဗျာ။ ကောင်းပါတယ်။ ကဗျာလေးကို ကြိုက်တယ်ဗျ။
ReplyDeleteကောင်းကင်ကို ဆီကို ကောင်းကင်ရဲ့သမီးပျိုလာလည် တယ်သိလား စကားလုံးတွေကပြောင်မြောက်လှချည်လား
ReplyDeleteမိုက်တယ်။ကြိုက်တယ်။ကာရံတွေ ငြိလို.၊ လာပြန်ပြန်ကြည့်ရတယ်။
ReplyDeleteမင်္ဂလာပါကို ကောင်းကင်ကို ။ နေကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ကဗျာ ကောင်းတပုဒ် ထပ်ဖတ်ရပြန်တဲ့ အတွက် အတွေးအခ်ါတွေ အမြဲလေးစားပါတယ်။
ReplyDeleteမကြာမကြာရောက်ပါတယ်..ဆီပုံးမရှိတော့ ဘာမှ အမှတ်တရမချန်ဖြစ်ခဲ့တာ..
ReplyDeleteအဆင်ပြေပါစေ...
အချစ်ဆိုတဲ့ ထရိုဂျန်ကြီးကလည်း ဆိုးပါတယ်ဗျာ..
ReplyDeleteနဂိုကတည်းက မြို့ခံတွေက ခံနိုင်ရည် ရှိတာ မဟုတ်..။