Thursday, August 20, 2009

နာမည်လုပွဲ

“ဆရာတော်ကတော့ ဟောခဲ့တာပဲ” လို့ ရည်ညွှန်းတဲ့နေရာမှာ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) က ဟောခဲ့တာကို ရည်ညွှန်းတာပါ။

နာမည်လုပွဲ
သူများပါးစပ်ဖျားမှာ
ကိုယ့်စိတ်ကို တင်မထားဖို့ 
ဆရာတော်ကတော့ ဟောခဲ့တာပဲ။

ဒါပေမယ့်
ခပ်ညံ့ညံ့ အိတ်တလုံးတောင်
မန်ယူတံဆိပ် သုံးလိုက်ရုံနဲ့ 
တန်ဖိုးခုန်တက် သွားတာဆိုတော့
လူတွေ နာမည်ကို မက်ပြီပေါ့။

နာမည်ဆိုတာ
ပြာဖုံးနေတတ်တဲ့ မီးခဲ။
တခါ တခါ အဲဒီ့ပြာတွေက

ဗန္ဓုလသုံးခဲ့တဲ့ နည်းလမ်းဟောင်းနဲ့ 

မဆိုင်သူတွေကို ထထထောင်းမှ
လွင့်ချင်လွင့်တတ်တာ။

ဗန္ဓုလလိုမျိုး မီးခဲစစ်အောင်

ကြိုးစားခဲ့သူတွေကျတော့ ရှားတယ်။


ဒီလိုနဲ့ လောကကြီးမှာ
ထုထောင်းသံတွေနဲ့ဖန်တရာတေ
ဝမရှိတဲ့ ဝိတွေ သံသရာရှည်ခဲ့။

နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
အမြော်အမြင်တွေမှ မလိုတာ။
မဟာအကြံ အထွေအထူးများနဲ့ 
သာမန်ရေကူးသမားမှာလည်း
အိုလံပစ် ချန်ပီယံတွေ ထက်တောင်
နာမည်ကြီးခွင့် ရှိသေးတာပဲ။

နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
ဖြီးနိုင်ရင်လည်း ရတတ်တာပဲ။
ဒီလိုနဲ့ ပဲ
ကိုယ့်ကိုကိုယ်တွေကျ
အတိုဆုံးပေတံတွေနဲ့ တိုင်း
အချိုဆုံးဝေဖန်နေတဲ့ အသိုင်းအဝိုင်းထဲက
တချို့ နိုင်ငံရေးကစားပွဲတွေထဲမှာ
တချို့ အပေါစား စာမျက်နှာတွေပေါ်မှာ
တချို့ အထူးနည်းပညာအစည်းအဝေးတွေမှာ
ကန့် လန့် ကာတွေချပြီး
အကြောင်းမသိသူတွေကို လှည့်စား
မှတ်တိုင်များကို လိမ်ပြီးစိုက်
နာမည်တွေကို အချောင်နှိုက်ဖို့ 
အကြံတူ ရန်သူတသိုက်ရဲ့ 
ပါးစပ်တွေ ခါးတောင်းကျိုက်နေကြတယ်။
ကောင်းကင်ကို

13 comments:

  1. အကြံတူ ရန်သူတသိုက်ရဲ့ 
    ပါးစပ်တွေ ခါးတောင်းကျိုက်နေကြတယ်။
    အကြိုက်ဆုံးပဲ .... MK

    ReplyDelete
  2. သေချာတာပေါ့..

    ReplyDelete
  3. ကိုစိုးထက်August 20, 2009 at 2:03 PM

    ကိုကောင်းကင်ရေ.......နည်းနည်းပြင်းအားများတယ်. .ကြိုက်တယ်။ နောက်ထပ်ခပ်ပြင်းပြင်းလေးတွေလည်းမျှော်လင်.နေမယ်..

    ReplyDelete
  4. ပြင်းထန်နေတယ် ...ရေ ရော လိုက်နဲ့နော်...

    ReplyDelete
  5. ကဗျာနာမည်လေးပေးပုံကို နှစ်သက်မိတယ်…

    ReplyDelete
  6. ဒါပေမယ့်
    ခပ်ညံ့ညံ့ အိတ်တလုံးတောင်
    မန်ယူတံဆိပ် သုံးလိုက်ရုံနဲ့ 
    တန်ဖိုးခုန်တက် သွားတာဆိုတော့
    လူတွေ နာမည်ကို မက်ပြီပေါ့။
    ဟုတ်ပါ့ဗျာ.... အဲသလိုဖြစ်နေပြီ..။

    ReplyDelete
  7. မိုက်တယ်....တကယ့် အမှန်တရားတွေပဲဗျာ

    ReplyDelete
  8. ကိုယ့်ကိုကိုယ်တွေကျ/ အတိုဆုံးပေတံတွေနဲ့ တိုင်း
    အချိုဆုံးဝေဖန်နေတဲ့ အသိုင်းအဝိုင်းထဲက တချိဲု----တွေထဲမှာ/ --- တွေပေါ်မှာ/ ---တွေမှာ
    ကန့် လန့် ကာတွေချပြီး/ အကြောင်းမသိသူတွေကို လှည့်စား/ မှတ်တိုင်များကို လိမ်ပြီးစိုက် စကက်ဒုံးပြန်တလုံး ပစ်လိုက်သလိုဘဲနော် အားလုံးကို ထိတယ် သိပ်ကြိုက်တယ်။ ဓါးသွားထက် ကလောင်သွား ပိုထက်တယ်လို့  ဆိုလာခဲ့တာ အဲဒါဘဲနဲ့ တူတယ်

    ReplyDelete
  9. ကိုကောင်းကင်ကိုရဲ့  ရင်တွင်း talent တွေ ကို အမြဲ လေးစားပါတယ်။

    ReplyDelete
  10. ဒါပေမဲ့ ကိုယ့်သမိုင်းကို ဟန်ဆောင်လို့ မရဘူး။ နံမည်ကောင်းကို လိမ်ညာ လုယူ လို့ မရဘူး။
    လောကမှာ ၀ယ်လို့ မရတာတွေ အများကြီး ရှိသေးတယ်။

    ReplyDelete
  11. ကြိုက်တယ်... ဒီထက်ပိုပြောချင်ပေမယ့် မပြောတတ်လို့။ ခင်ဗျားကဗျာတွေဖတ်တိုင်း ခံစားချက်အပြည့်အသိပ်နဲ့ ထိမိတဲ့ စကားလုံးချည်းပဲ တွေ့ရတယ်။ တချို့လူတွေလို မော်ဒန်မဖြစ်ဖြစ်အောင် ညှစ်ထားတဲ့စကားလုံး မပါဘူး။

    ReplyDelete
  12. နာမည်ဆိုတာ
    ပြာဖုံးနေတတ်တဲ့ မီးခဲ။
    တခါ တခါ အဲဒီ့ပြာတွေက
    ဗန္ဓုလသုံးခဲ့တဲ့ နည်းလမ်းဟောင်းနဲ့ 
    မဆိုင်သူတွေကို ထထထောင်းမှ
    လွင့်ချင်လွင့်တတ်တာ။

    မှန်လိုက်တာအကိုရေ...တွေးတက်ရေးတက်ပါ့ဗျာ...အားပေးနေပါတယ်အကိုရေ...

    ReplyDelete