ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။
ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။
အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။
အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။
ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ
ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ဒီတချက်တော်တော်ပြင်းထန်တယ်ကိုကောင်းကင်ရေ..ထိတယ်
ReplyDeleteလန်းတယ် ကိုကင်း
ReplyDeleteမေ
Perfect Ko Kaung Kin Ko.
ReplyDeleteရေးထားတာလေး ကောင်းလိုက်တာ အစ်ကိုရာ။ ရန်ကုန်ရဲ့ လက်ရှိဖြစ်ပျက်နေပုံတွေ ထင်းခနဲပဲ။ ရေတွင်းတူးလို့မရတဲ့နေရာတွေကျတော့ ဂျိုးဖြူပိုက်တို့ဘာတို့လို အစိုးရရဲ့ရေဖြန့်ပေးတာတွေနဲ့ပဲ သုံးရတာ။ မီးကပြတ် ရေကမလာနဲ့... တော်တော် ကသီလင်တနိုင်တယ်။
ReplyDeleteကောင်းတယ်ဗျို့....။ ကဗျာလေးကို ခိုက်တယ်..။
ReplyDeleteနန်းအချခံခဲ့ရတဲ့မြို့။ ခေါင်းစဉ်လေးကိုက အဓိပ္ပာယ်ရှိတယ်နော်။ ရန်ကုန်က နန်းကျခဲ့ပေမယ့် အိမ်နိမ့်စံတော့ မဟုတ်သေးပါဘူး။ ပြန်ရှင်သန်လာပါလိမ့်မယ်။ လှဆဲရန်ကုန်ဟာ ထာဝရလှပဆဲပါပဲ။ လူသန့်သွားတော့ ပိုတောင်လှသေး။
ReplyDeleteနေပြည်တော် “တင်း”ချင်း
ReplyDeleteကပ်ပါးဈေးက သုံးချက်ဆော်၊
နာလှ နေပြည်တော်။
ကျီးနဲ့ဖုတ်ဖုတ် အလုပ်ရှုပ်၊
မြို့တော် ဇနပုဒ်။
တစ္ဆေမပျော် အဖော်ခေါ်၊
မီးရောင် ထိန်စေသော်။
နိုင်ငံတကာ လေယာဉ်ကွင်း၊
ယာဉ်ပျံ မြေမနင်း။
ဘုန်းရှိန်ရောင်ဝါ တောက်စေငြား၊
ပင်ဂွင်း ငှက်မြတ်လား။
ရေခဲမှတ်အောက် ပိုက်ကာထွေး၊
တိုင်းပြည် ရင်မအေး။ ။
“တင်း”ချင်း
အမည်မသိခေတ်စာဆို
ခိုက်သွားတယ်ဗျာ။
ReplyDeleteအသံစုံတွေ လာနားထောင်သွားတယ်ဗျာ
ReplyDeleteလေးစားသွားပြီ... ကွက်တိပဲ .. လန်းတယ် ထိတယ် ..
ReplyDeleteထိပါတယ်..
ReplyDeleteအရမ်းထိ-း(
ReplyDeleteငိုချင်အောင်ထိ
ထိတယ်ဗျာ
ReplyDeleteဒီမှာ ပထမဆုံးကွန်မန့်ရေးခြင်းပါ..
ReplyDeleteရန်ကုန်ရဲ့ အသံတွေက ရေးဖို့တိုက်တွန်းလိုက်တာ ဆိုပါတော့...
ထိချက်ကပြင်းတယ် ဆိုတာဒါကိုဆိုပါသည်
ကဗျာက အားမာန်အပြည့်..စကားလုံးတွေက အဓိပ္ပါယ်အပြည့်ပဲ..အားပေးလျှက်ပါအစ်ကို။
ReplyDeleteလင့်ထားချင်တယ်..ခွင့်ပြုပါရှင်။
Realistic! Very good poem.
ReplyDeleteဒါမျိုးတွေ မဖတ်ရကြာပေါ့လို့ ညည်းတော့မလို့ လုပ်တုန်း…
ReplyDeleteကောင်းလိုက်တဲ့ အတွေးနဲ့ အရေးဗျာ
ReplyDeleteတစ်ကယ်ကို ထိထိမိမိ ပုံဖော်သွားတယ်ဗျို့
ကောင်းလိုက်တဲ့ အတွေးနဲ့ အရေးဗျာ
ReplyDeleteတစ်ကယ်ကို ထိထိမိမိ ပုံဖော်သွားတယ်ဗျို့
ရောက်တယ် မောင်လေး မောင်လေးကဗျာတွေ က
ReplyDeleteစကားလုံးသုံးတာတွေ သိတ်ကောင်းပြီး အဆင့်မြင့်မြင့်ရေးထားတာတွေ့ တဲ့အတွက် ကဗျာ လောက အတွက် သိက္ခါ မြှင့်စေတာလေးတွေပါပဲ
အရမ်းကောင်းတယ်ကိုကောင်းကင် ရေ.. အမြဲတမ်းအားပေးနေတယ်။သြော်အကိုရေးတဲ. ဆောင်းပါးလေးတစ်ခုကျွန်တော်.ဘလော.မှာပို.စ်လုပ်ထားတယ်နော်။
ReplyDeleteခုခေတ်က အိမ်ကိုဧည့်သည်လာရင် အိမ်ရှင် အဖမ်းခံရတဲ့ ခေတ်မဟုတ်ပါလားဗျာ။
ReplyDeleteတွေးတတ်တဲ့ အတွေးကောင်းလေးကို ရွှေချသိမ်းထားချင်တယ်
ReplyDeleteထပ်ရောက်လို့ ထပ်ရေးခဲ့တယ်...ကိုကောင်းကင်ကြီးရေ....မိုက်တယ်ဗျာ
ReplyDeleteကြိုက်လွန်းလို့ကို ကူးပြီးသိမ်းထားလိုက်ပါတယ်...
ReplyDeleteဝေး မိုက်တယ်ဗျို့ အားပေးသွားတယ်
ReplyDelete