ညခင်းတို ခဏလေးမှာ
လမင်းလို ညီမလေးက
အဒိန္နာဒါနာကိုချိုး
ငါ့အချိန်များ လာလာခိုးတယ်။
မာယာများတဲ့ ပန်းလေးရေ
ဂါထာများနဲ့ မန်းဆေးတွေ နင့်မှာရှိလား။
ပျက်ပြယ်လုသွားတဲ့ ငါ့အိပ်မက်တွေကို
အသက်ကယ်ကုစားဖို့ 
သွားတက်ငယ် တခုအားနဲ့ 
တချက်ရယ်ကာ ပြုစားလှည့်ပါ။
စောင်းတလုံးရဲ့  ဗီဇလေးများနဲ့နှုတ်ခမ်းလွှာရေ
အကောင်းဆုံး ဂီတတေးများ ဖွင့်စမ်းပါဦး။
နင့်ရဲ့ 
သကာစကားလေးတွေအမျိုးမျိုးနဲ့ 
ငါ အားဆေးတွေထိုးပါရစေ။
ချစ်သူကို ကဗျာတပုဒ်အဖြစ်မှတ်
နှလုံးသားနဲ့ ခြေဆုံးခေါင်းဆုံး ဖတ်ကြည့်တော့
သူ့ အလှအပိုဒ်တိုင်းဟာ
ဘဝဆိုတဲ့ မမြင်မစမ်း တောလမ်းတခုက
မရလိုတဲ့ ဘဝင်နွမ်း မောပန်းမှုတွေကို
အလိုအလျောက်ပဲ သွားဖယ်မယ့် အရာ
ကိုယ်တယောက်တည်း နားလည်မယ့် ကဗျာပေါ့။
သူနဲ့ တွေ့ လိုက်တိုင်းမှာ
ဒုက္ခအကျိတ်ငယ်များဟာလည်း
လုံးဝ အဆိပ်ပြယ်သွားရတယ်။
သြော်…
အမြင်ကို ဖမ်းစားနေတဲ့ ပင်ကိုဟန်
ရင်ကိုယမ်းသွားစေတဲ့ ရွှင်ချိုသဏ္ဍန်လေးတွေနဲ့ 
သူ့ုအလှမှော်ကို ခံစားခဲ့ရတော့
လူ့ ဘဝက အတော်ကိုတန်သွားခဲ့ရပေါ့။
ဟော ဟိုမှာ တွေ့ လား
‘အလှ’စင်လေးတခုပေါ်မှာ
‘မ’..ယဉ်ကျေးမှုတွေ ပန်ထားတဲ့
သူ့ မျက်နှာနတ်ရေကန်လေးဟာ
ကိုယ့် ချစ်သူ ငွေလမင်းပဲ ဆိုတာကို
ဖူးစားရေးနတ်ရေ
ကူးကာရေးမှတ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကာရံလေးတွေကလဲ ချစ်စရာ...ကောင်မလေးကလဲ ချစ်စရာ။။။ O_o
ReplyDeleteဖူးစာရေးနတ်သို့  ပို့ လိုက်တဲ့ ကဗျာလေး ချစ်စရာ။ ဖတ်သွားတယ်။ အပေါ်က တစ်ယောက်ပြောသလိုပဲ ကာရံလေးတွေ ရော ကောင်မလေးရော ချစ်စရာလေး။ ဟိဟိ
ReplyDeleteစကားလုံးအသုံးအနှုံးနဲ. ကာရံယူပုံတွေက သိပ်လှပါတယ်။ အမြဲ အားပေးလျှက်။
ReplyDeleteကောင်းကင်ကြီး ကဗျာဆန်လိုက်ပုံများ ကာရန်တွေ စည်းချက်ညီ နုလို့ လှလို့..း)
ReplyDelete၀ိုး...အကိုရေ..ဘယ်လိုပြောရမှန်တောင် မသိဖူးဗျာ...
ReplyDeleteတခါတခါ တော်တော်ကို နုတာ ။ တကယ် ။
ReplyDeleteGood. I like it. :)
ReplyDeleteဖူးစာ၇ှင်ရှာမနေပါနဲ့တော့လူပျိုကြီးဘဲကောင်းပါတယ်။
ReplyDeleteချွဲပလီ နွဲ့ဆိုးကြောင့်
ReplyDeleteိကိုကောင်း တို့အရည်ပျော်....
ဒီတခါနော် တကယ်မစွံခဲ့ရင်ဖြင့်
အချိန်လင့် အခါနှောင်းရော့မယ်
သင့်အခွင့်ကောင်း....။
အနုအရွ စကားလုံးတွေနဲ့
ReplyDeleteမုသာဝါဒတွေ တွင်တွင်သုံးပြီး
ကိုကောင်း ကိုမြူဆွယ်
သူမလည် တကယ်ရိုးတာကြောင့်
ဖူးစာရေးနတ်ရယ်
ကူလိုက်ပါဦး...။
(သုခီအတ္တာနံ..ပရိဟရန္တု)
ကောင်းလိုက်တဲ့ ကဗျာ တွေ
ReplyDeleteအဲ့ လောက်ကောင်းတဲ့ ကဗျာတွေ
မပြောတတ်တော့ ဘူး
တပုဒ်ဖတ်လိုက် ထအော် လိုက်နဲ့
အရမ်းကို ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါလား...ဖတ်ရတာ ရင်ထဲမှာလှုတ်လှုတ်ခတ်ခတ်တောင် ဖြစ်မိပါတယ်... တကယ့် မှော်ကဗျာဆရာပါပဲ...
ReplyDelete