အမှတ်မထင်…
ကြည်နေတဲ့ ကောင်းကင်ဟာ
ပြာနေရာက ပန်းနုရောင်ညစ်
သိပ်သည်းလာတဲ့ အချစ်တွေနဲ့ ။
အမှတ်မထင်
ဘွားကနဲ့ တွေ့ လိုက်ရတဲ့ ဥယျာဉ်မှာ
သံယောဇဉ် သစ်ပင်လေးတွေစိုက်ပျိုး
သူ့ အသည်း ဧည့်ခန်းဆောင်မှာ
နှင်းဆီလေးတွေ လိုက်ထိုးမိတယ်။
အနွေးဓာတ်လိုနေသူမို့ 
မီးကို ပျိုးလိုက်မိတယ်။
စည်းကို ချိုးလိုက်မိတယ်။
အမှတ်မထင်…
နှလုံးသားကန်ရေပြင်ထဲ
သူ့ စကားပွင့်လေးတွေကြွေအကျမှာ
ဂယက်ပေါင်းများစွာထ
ရင်ခုန်သံဆိုတာ ဖန်တီးယူလို့ မရတဲ့ ဂီတပေါ့။
နှိုးလိုက်စမ်းပါ ဖုန်းသံလေးရေ၊
အထီးကျန် ငါ့ရဲ့  ညအချိန်တွေကို ခိုးလိုက်စမ်းပါ။
အိပ်ပြီးနားနေရတာထက်
နိုးပြီး သူ့ အသံလေး ကြားနေရတာက
ခွန်အားတွေ ပို ပြည့်စေလို့ ။
အဲဒီ့ နှုတ်ခမ်းပါး လေးပေါ့။
Soft Power ယမ်းအားလေးနဲ့ 
သူ့ အသံ ပန်းမြှားလေးနဲ့ 
စိတ်တိမ်တိုက် အမှောင်တွေကို
အစဉ်အမြဲလာခွင်း
ရင်ထဲမှာလင်း။
ကောင်းကင်ကို
ရတု @ 2011
12 years ago
၇င်ခုန်သံဆိုတာ ဖန်တီးယူလို့မ၇ပါ, ကဗျာကောင်းလေးတပုဒ်ပါလို့ဆိုပါ၇စေ ကောင်းကင်ေ၇....
ReplyDeleteရင်ခုန်သံဆိုတာ ဖန်တီးယူလို့ မရတဲ့ ဂီတပေါ့
ReplyDeleteမှန်လိုက်လေ
Goody! For whom? :D
ReplyDeleteကဗျာလေးကိုအ၇မ်းကြိုက်တယ် တင်လည်းတင်ချင်တယ်
ReplyDeleteတိုက်ဆိုင်တာဆိုပေမဲ့ မလိုအပ်တော့ဘူးထင်လို့ပါ
ကျေးဇူးပါကိုကငိး
ဘ၀မှာ အေးချမ်းစွာနဲ့ ချစ်တဲ့သူနဲ့လက်တွဲနိုင်ပါစေလို့ဆုတွေတောင်းခဲ့ပါတယ်
ကို ကောင်းကင်ကိုရဲ့ ဖုန်းနံပါတ်ကို ဘော်ဒါတွေဆီက မေးပြီး ညကြီးသန်းခေါင် ဖုန်းခေါ်ဦးမှပဲ။ အထီးကျန်အချိန်လေးတွေ ကျနော်လည်း ခိုးချင်လို့။း-)
ReplyDeleteကောင်းလိုက်တဲ့ ကဗျာလေး ကောင်းကင်ရေ
ReplyDeleteသတိထား ကောင်းကင်ကိုရေ ကဗျာမဆန်တဲ့ လူကြီးတွေကို ဖုန်းနံပါတ် မပေးမိစေနဲ့
ReplyDeleteအထီးကျန်ညရဲ့ သိဂါင်္ရလေးတွေ ပျက်ကုန်ဦးမယ်... :D
ဒါမျိုးလေးတွေလည်း များများ လုပ်ပါ..
အားပေးနေတယ်။
"...ရင်ခုန်သံဆိုတာ ဖန်တီးယူလို့ မရတဲ့ ဂီတပေါ့..." တဲ့
ReplyDeleteမထင်မှတ်ပဲ ရေးလိုက်တဲ့ "အမှတ်မထင်' က စာဖတ်သူဆီမှာ အမှတ်ထင်ကျန်ရစ်ခဲ့ပါတယ်
ဆက်လုပ်ပါ ကကကရေ...
မိုက်တယ် ..း)
ReplyDeleteကဗျာကောင်းလေးတွေ ဖတ်သွားပါတယ်...
ReplyDeleteကာရံယူတာ သိပ်လှပါတယ်။
ဒါကြောင့် နာမည်ကြီးတာပေါ့...။
အနုအရွတွေကြား
ဆော့ကစားသူလို့
လူတချို့ကဆိုနေပြီ...
အော်..ခုမှ
သမုဒယ နယ်စည်းကို
ချိုးဖျက်လို့ ဝင်သွား
( ကောင်းကင်ကိုရေ..... )
ခလုတ်လဲ တိုက်မိဦးမယ် ....သတိတော့ ထား.....။
အကိုရေ.. အချစ်ကဗျာတွေ ရေးလှချည်လား။
ReplyDeleteကျနော်လည်း မရောက်ဖြစ်တာ ကြာသွားတော့ စာကြွေးတွေ ဖတ်သွားတယ်ဗျာ။
ကဗျာတွေကြောင့် ကြည်နှုးပြီးပြန်သွားတယ်
စီဘော့ ဘယ်မှာလဲ။
ReplyDeleteကောင်းကင်ကို ငြိမ်လှချည်လား။
ဟုတ်ကဲ့ မချိုအိ။ ရတယ်ခင်ဗျ။း-)
ReplyDelete