နှစ်ယောက်တည်း ပြောခဲ့မိတဲ့စကား
တကမ္ဘာလုံး ကြားသွားသတဲ့။
အမှောင်ခိုပြီး လုပ်ခဲ့မိတဲ့ပုံရိပ်များ
ခေတ်လွန် ကိရိယာများနဲ့ 
ပြန်ဖမ်းကြည့်လို့ ရသတဲ့။
ခလုတ် တချက်နှိပ်လိုက်ရုံနဲ့ 
အားလုံးပြန်သိနိုင်တယ်။
လေထုထဲမှာ
ငါထုတ်ပြောခဲ့တဲ့ အသံတွေရော၊ ငါထုတ်မပြောရဲတဲ့အသံတွေပါ
လှိုင်းတွေအဖြစ်လျှံနေတယ်။
လေထုထဲမှာ
ငါထားခဲ့မိတဲ့ စိတ်တွေ၊ ငါမှားခဲ့မိတဲ့ အတိတ်တွေ
မပေါက်ကွဲသေးခင် အိပ်နေတယ်။
တူးဖော်ကြတော့မယ်…သမိုင်းထဲက ဇာတ်ကောင်တွေကို အရှိအတိုင်း
ထုတ်ဖော်ကြတော့မယ်….
ဂုဏ်သိက္ခာတွေကို ဝတ်လစ်စလစ်….
အတုအစစ် ခွဲခြားဆန်းစစ်ကြတော့မယ်။
တွေ့ ကြတော့မယ် ဗယ်ပြပြီးညာချိုးခဲ့တာတွေ
တွေ့ ကြတော့မယ် အစွယ်ပြပြီး ငါဆိုးခဲ့တာတွေ။
အဲဒီ့အချိန်ဟာ ပြောသမျှ အဟုတ်လိုက်ထင်ကြမယ့်ပုတ်သင်ခေတ်လည်း မဟုတ်တော့
အဲဒီ့အချိန်မှာ ခြိမ်းခြောက်ဖုံးဖိလို့ လည်း မရတော့။
အဲဒီ့အချိန်မှာ ငဲ့ညှာလျှို့ ဝှက်ပေးကြမှာလည်း မဟုတ်တော့။
လူပီသရုံ အမှားတွေနဲ့ 
ဘောင်ကျော်သွားတဲ့ အမှားတွေကြားမှာ
ဘဝနဲ့ ရင်းပြီး စိုက်ပျိုးခဲ့ရတဲ့ အပင်တွေပါ
တပင်ပြီး တပင်လဲ
တုန်နေတဲ့ လက်ထဲမှာတော့
ကိုယ် ကိုယ်တိုင်တောင် ပြန်မကြည့်ရဲတဲ့စာရင်းရှည်ကြီးနဲ့။
သြော်…
ကိုယ့်ကိုယ်ကို ခြောက်နေတဲ့ တစ္ဆေတကောင်
ကယောင်ကတမ်းနဲ့  အတွေးတွေ မစဲ
အိပ်မက်ထဲမှာတောင် ချွေးတွေရွှဲနေတော့တယ်။
ကောင်းကင်ကို
မရောက်ဖြစ်တာနဲ့ခုမှ ကဗျာတွေလာဖတ်သွားတယ်။
ReplyDeleteစာရင်းအတိုအရှည်က ကိုယ်ရေးခဲ့တဲ့သမိုင်းပဲပေါ့ ကဗျာဆရာရေ… ဒီကဗျာလေးကို အလွန်ပဲနှစ်ခြိုက်မိပါတယ်….
ReplyDeleteကိုကောင်း ကဗျာ လာဖတ်တာဗျ။
ReplyDeleteတစ်ကယ်ဆိုးခဲ့တာလား
ReplyDeleteး)
ကိုကောင်းကင်ကို
ReplyDeleteခုတလောငြိမ်နေတာလား မတွေ့တာကြာပေါ့နော်
စာတွေလာဖတ်ပါတယ်