လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းတဲ့
အတွေးပူဖောင်း တွေထဲမှာ
ပေါ်လီယာနာကိုထည့်
မြေပြင်မှာ ပျံဝဲဖို့ လွှတ်လိုက်တာပဲ။
သည်းခံခြင်းတရားကိုပန်
ကစားသူတိုင်း နိုင်စေမယ့် ဂိမ်းသီအိုရီကျမ်းကြီးကိုလှန်ပြီး
ပိတ်ထားတဲ့ နံရံတွေကို မမြင်ချင်ယောင်ဆောင်
ဝဲလာတဲ့ ပုဒ်မတွေကို ဟိုရှောင်ဒီရှောင်နဲ့ 
လက်တွေကို တတ်နိုင်သမျှဆန့် တန်း
ဖယောင်းတိုင်တွေ လိုက်ကမ်းကြည့်မိတယ်။
ဒွါရတစ်ပေါက်မှ မရှိတဲ့ ခန္ဓာကိုယ်ကြီးထဲ
လွှတ်လိုက်တဲ့ ပူဖောင်းတွေသာကွဲ
ပေါ်လီယာနာလေးသာ သွေးတွေရွှဲသွားတော့တယ်။
ရင်ထဲက ထိုးခွဲထွက်လာတဲ့ ရထားဟာ
ဒီဘူတာပဲ ပြန်ဆိုက်တော့တာပဲ။
ကောင်းကင်ကို
ုအကို
ReplyDeleteကဗျာ လာဖတ်ပါတယ်
အမြစ်လိုတွယ်ခဲ့ကြပြီတဲ့လားအစ်ကိုရေ...
ReplyDeleteအကောင်းမြင်စိတ်ဆိုတာကလည်း ထိရှဖန်များလာတော့........
ရင်ကိုထိုးခွဲတဲ့ရထားဟာီးဘူတာပဲစိုက်ခဲ့ကြရတယ်....
သိပ်သည်းလှတဲ့ကဗျာလေးပါပဲအစ်ကိုရေ....
အဆိုးတွေမင်းမူနေတဲ့ အခုခေတ်ကြီးထဲ ပေါ်လီယာနာလေးရဲ့ နှလုံးသားမှာ ဒဏ်ရာတွေ များနေလောက်ပြီ အကိုရေ..
ReplyDeleteမောင်လေးရေ အကုန်လုံးကောင်းတယ် ဒါပေမယ့် အဓိပ္ပာယ်ဖွင့်ဆိုချက်မထည့်ရင် ပိုကောင်းမယ် ထင်တယ်နော်။ ဘယ်လိုမှ မအောင့်မေ့နဲ့ .. ကောင်းကင်ကိုရဲ့ ကဗျာတွေက သိပ်ကို ရှင်းလင်းပြီးသားပါ။ ထပ်ရှင်းရင် အရသာပျက်တယ်ကွ ။ လွတ်လပ်စွာသဘောထားကွဲလွဲခွင့် ရှိပါ၏ :)
ReplyDeleteကောင်းလိုက်တဲ့ လက်သံတွေ ကိုကင်းရာ
ReplyDeleteကဗျာ ထဲက စကားလုံးတွေ လာမြည်းတာ ၊၊အရသာ ရှိလှတယ် ၊၊
ReplyDeleteကဗျာကို ခံစားသွားပါတယ် ။ :)
ReplyDeleteကဗျာ လာရောက်ခံစားပါတယ်
ReplyDeleteအကိုရေ
တစ်ကူးတစ်ကရောက်လာတာ ကျေးဇူးတင်ပါတယ်ဗျာ ။ တွေ့ကြပြီပေါ့ဗျာ ။ :)
ReplyDeleteကဗျာလေး ကောင်းတယ်ဗျာ။ စကားလုံးတွေ ခံစားချက်ရှိပါ့ဗျာ။
ReplyDeleteကောင်းပြီးသား ကဗျာတွေမို့ ဘာဖွင့်ဆိုရှင်းလင်းချက်မှ မပါရင် ပိုအရသာရှိသလို စာဖတ်သူများဘက်မှ ပူးပေါင်းပါဝင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာအတွေးဖြန့်ကျက်ခွင့်ကိုပါ ခွင့်ပေးရာကျပါတယ်။
ReplyDeleteဆက်တွေးချင်သူ
ဟုတ်ကဲ့။ အကြံပေးလို့ ကျေးဇူးပါခင်ဗျ။ ကျွန်တော် ဖွင့်ဆိုချက်ကို ဖြုတ်လိုက်ပါပြီ
ReplyDeleteကဗျာကောင်းလေး တစ်ပုဒ်ကို နှလုံးသားနဲ့ ခံစားသွားတယ်ဗျာ
ReplyDeleteပေါလီယာနာလေးလဲ သွေးတွေနဲ.ရွဲတာမမြင်ချင်တော.ဘူး။ ဒီဘူတာလည်းမဆိုက်ချင်တော.ဘူး။ ရင်ထဲကိုတည်.တည်.ထိတာပဲဗျာ။ ကိုကောင်းကင် ကဗျာတွေစဖတ်ပြီးမှကဗျာတွေချစ်တတ်သွားခဲ.တာ..ကျေးဇူးပါဗျာ။
ReplyDeleteလာရောက် ခံစားသွားပါတယ်
ReplyDeleteကဗျာလာဖတ်ပါတယ်--ကောင်းကင်--
ReplyDeleteသေနတ်ပစ်လေ့ကျင့်နေတဲ့ လူတယောက်ဟာ-
ပစ်မှတ်ကို မထိရင် တောက်ခေါက်မိတယ်---
ဘေးက ရပ်ကြည့်နေသူတွေကလည်း ညံ့လိုက်တာတဲ့--
အဲဒါ--ပစ်မှတ်--ရဲ့အပြစ်လား---?
သေနတ်ပစ်ကျင့်သူဟာ ချိန်တဲ့ရည်ရွယ်ချက်ကို--
ထိမှန်ဖို့အတွက်--သူဘာလုပ်ရမှာလဲ---
ကိုယ့်ကိုယ်ကိုလဲ အတော်မချင့်မရဲဖြစ်မိတယ်…
ReplyDeleteမကောင်းဘူးဗျာ။ မကောင်းဘူး။ လုံးဝမကောင်းဘူး။ တော်တော်လေးမကောင်းတာ. ဘာမှန်းကိုလုံးဝမသိတာ။အဓိပာယ်ဖွင့်ဆိုချက်မေးလ်ကို ပို့ပေး။ ဒါပဲ။ မပို့ပေးရင် လုံးဝမခေါ်ဘူး။ ကိုကောင်း
ReplyDeleteminthuta007@gmail.com
ReplyDelete