Monday, January 26, 2009

ကြိုး

ကိုယ့်အသားကိုယ်ဆိတ်ကြည့်နေဖို့ မလိုတော့ဘူး

တကယ်ဖြစ်နေတဲ့ အိပ်မက်ဆိုးကြီးမှန်းငါသိတယ်။


ကိုယ့်ဦးနှောက်တံခါးကိုယ်ခေါက်ကြည့်နေဖို့ မလိုတော့ဘူး

စိတ်ကူးတွေ အိပ်ပျော်ပြီး ဟောက်နေကြမှန်း ငါသိတယ်။


အီလက်ထရွန်းနစ် ကြေးမုံချပ်တွေပေါ်က

မြင်နေကျ မြစ်ကြီးကို

အလျားလိုက် ဖတ်နေဖို့ လည်းမလိုတော့ဘူး။

မုဆိုးဆိုတာ ရက်စက်တတ်မှန်း နဂိုကတည်းက ငါသိတယ်။


လူဆိုတဲ့ စက်တွေကို နှိုးဖို့ 

စိတ်ကြွဆေးအတင်း ထိုးမပေးချင်တော့ဘူး။

ယဉ်ပါးသွားတဲ့ ရောဂါဟာ

ထိုးနေကျ ဆေးတွေ မတိုးတော့မှန်းနဲ့ 

ကိုယ့်ကိုယ်ကို ထည့်မပေးနိုင်တဲ့ လောင်စာဟာ

ကောက်ရိုးထက်တောင်ညံ့မှန်း ငါသိတယ်။


ငါ့လက်ချောင်းတွေကိုကွေး

မျက်ရည်ကိတ်(ခ်)တွေကိုတော့ ဆက်ကျွေးနေဦးမယ်။

ငါဧည့်ခံထားတဲ့ သစ်သီးတွေကို ဘယ်မျက်လုံးတွေများ လာခူးမလဲ။

ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတစ်ရာကို ကြံ့ ကြံ့ခံဖို့

အမှောင်ရက်ကြီးစိုးတဲ့

ခုလိုတောင်တက် ခရီးမျိုးမှာ

တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ်

ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်။


ကောင်းကင်ကို

16 comments:

  1. တော်ပြီ မဆင့်ကဦးသွားတယ် ဒီကပြေးလာတာမမှီတော့ဘူး
    အင်း .. ပြောချင်ဘူး ကောင်းတာကတော့ တို့အကိုလို့ကိုပြော၇ဘူးဟွန်း

    ReplyDelete
  2. ဘာမှ အထူး ပြောမနေတော့ပါဘူး...
    ကောင်းပြီးသား ဆိုတော့...

    ReplyDelete
  3. ကျွန်တော်လည်း ကိုအောင်သာငယ်လိုပဲ
    အထွေအထူးမပြောတော့ဘူးဗျ :P

    ReplyDelete
  4. ကြိုးတွေ ခိုင်မြဲနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ် ကိုကောင်းကင်ရေ ။

    ReplyDelete
  5. အကို ကဗျာတွေက မာန်တွေပါပီးသားပဲ
    ကောင်းတယ်ဆိုယုံမှ လွဲ၍ ထပ်မပြောတတ်ဘူးအကိုရေ

    ReplyDelete
  6. ဆရာကောင်း... မရောက်တာတောင် ကြာပြီ... လာလိုက်ရင်လဲ စာဖတ်သူအကျိုးရှိသဗျာ..

    ReplyDelete
  7. ကြိုးတွေနဲ့မြဲမြဲချိတ်ဖို့လာခဲ့တယ်
    ကဗျာကတော့မာန်အပြည့်ပါဘဲညီလေးရေ

    ReplyDelete
  8. စိတ်တွေကိုချိတ်ထားဖို့...တဲ့လား
    စိတ်ကြိုးဆိုတာအပြင်ပကကြိုးတွေထက်
    ပိုခိုင်မြဲသလိုပိုလည်းပြတ်လွယ်တယ်နော်.
    ကောင်းကြောင်းတော့ပြောစရာမလိုတော့
    ဘူးထင်ပါတယ်။

    ReplyDelete
  9. ချိတ်ဆက်တွေ မြဲဖို့ ကိုယ့်စိတ်ကြိုးတွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်ကြည့်အုံးမယ်ဗျာ ၊၊

    ReplyDelete
  10. ကဗျာတွေက မပြောင်းမလဲ မာန်ပါနေတယ်ဆိုတာ ပြောဖို့တောင်မလိုတော့ဘူးး ။

    ReplyDelete
  11. ရင်ဗတ်နဲ့ခံစားသွားပါတယ်

    ReplyDelete
  12. အသီးတလုံးတော့ ခူးကြည့်သွားတယ်ဗျ ။ ရင့်တော့ရင့်နေပြီ
    မမှည့်သေးဘူး ။ ကြိုးတွေတော့ မရှုပ်စေနဲ့ ဝေ့ ။ ရှင်းရတာ ခက်သားကလား ။ :P

    ReplyDelete
  13. ဖြုတ်လို့ မရအောင်ကို အသေချည်ထားတာ…

    ReplyDelete
  14. သိနေတော့လဲ ခက်တာပေါ့ဗျာ......

    ReplyDelete
  15. စိတ်ကြိုးတွေက သာခိုင်မြဲပါတယ် အစ်ကိုရေ...

    ReplyDelete