Sunday, November 16, 2008

ခရီးသည်

ကိုးတန်း တုန်းက(၁၉၉၄ ခုနှစ်တုန်းက) ကျွန်တော် ရေးခဲ့တဲ့ ကဗျာပါ။ ဆယ်တန်းမှာ သူငယ်ချင်းတွေ စုပြီး ကဗျာစာအုပ်လုပ်တော့ ဆွေမိုးယံ ဆိုတဲ့ ကလောင်နာမည်နဲ့  ကဗျာစာအုပ်မှာ သုံးခဲ့ပါတယ်။

ခရီးသည်
ရှေ့ဆက်ဖို့ သိပ်ခက်လို့ 
စိတ်မပျက်နဲ့ ခရီးသည်။

ကူညီသူတွေ လွှဲဖယ်လို့ 
ဇွဲမပြယ်နဲ့ ခရီးသည်။
အသည်းမငယ်နဲ့ ခရီးသည်။

အဆက်မပြတ် အကဲစမ်း လာထိုး
မင်းရဲ့ခွဲတမ်း ကြမ္မာဆိုးကို...
ခါးတယ်လို့ ဆိုမနေပဲ
အားငယ်လို့ ငိုမနေပဲ
ရှားဖယ်ဖို့ အိုကေပဲလို့ 
ထားစို့ စိတ်ထဲ။

ကောင်းကင်ကို

9 comments:

  1. အကို့ရဲ့ငယ်မူလက်ရာ ကဗျာလေးကို ဖတ်သွားမှတ်သွားတယ်ဗျ :)
    ပျော်ရွှင်ပါစေ

    ReplyDelete
  2. အားဖြည့်ပေးတဲ့ ကဗျာလေးကောင်းတယ် ။ အဟောင်းတွေ
    လည်း ကောင်းဆဲပါပဲလားဗျ ။ :)

    ReplyDelete
  3. one word " Awsome " :)

    ReplyDelete
  4. ကဗျာလေးကောင်းတယ် အကို... အရင်ကဗျာတုန်းက commentမလို့ နောက်ကျသွားတာနဲ့ အခုမှပဲ ကွန့်ရတော့တယ်။ အဆင်ပြေပါစေ အကိုရေ

    ReplyDelete
  5. ကိုးတန်းကျောင်းသားလေးရဲ့ ရင့်ကျက်တဲ့နှလုံးသားနဲ့  တက်ကြွတဲ့အားမာန်ကို တွေ့ လိုက်ရတယ်… ကဗျာရေးဖို့ မွေးဖွားလာတဲ့သူပါပဲ…

    ReplyDelete
  6. အားပေးတဲ့ကဗျာလေးတွေ နှစ်သက်မိပါတယ်...

    ReplyDelete
  7. ကဗျာလေးက တိုပေမယ့် ခွန်အားရှိတယ် အကို...
    ငယ်ဘ၀က ရေးဖွဲ့ခဲ့တဲ့ ကဗျာလေးကလဲ ခေတ်နဲ့အံဝင်ပြီး ကောင်းတာပဲနော်... ဒါဟာ ကဗျာကောင်းတစ်ပုဒ်ရဲ့ သဘာဝပဲဖြစ်မယ်။

    ReplyDelete