Wednesday, June 4, 2008

အချစ်ဆိုတဲ့ အကုသိုလ်

မသန့် တသန် ခြေထောက်နှစ်ချောင်းနဲ့ 
တစ်ကွင်းလုံးအနှံ့ ဆွဲပြေးလိမ်ခေါက် ၊
တစ်ဘက် ဂိုးရှေ့ ကို ရောက်မှ
ဂိုးပေါက်က ရုတ်တရက်ပျောက်သွားတယ်။

သူနိုင်ကိုယ်နိုင် အလှချင်းပြိုင်နေကြတဲ့
သက်ရှိရနံ့ ခိုင်တွေကြားမှာ
မျက်နှာငယ်စွာ ပွင့်နေရရှာတဲ့
အညတရ ပန်းလေးတစ်ပွင့်ကို မြတ်နိုးလွန်းလို့ 
ဥယျာဉ်တော်ဆီအရောက့်
မိုင်ပေါင်းများစွာလျှောက်ခဲ့လည်း …..
ဥယျာဉ်ရှေ့ ရောက်ကာမှ
ဥယျာဉ်ဂိတ်တံခါးက
အခုတင်ပိတ်သွားသတဲ့။

သြော်…
အချစ်ရဲ့ တန်ခိုးတော်နဲ့ 
သူတကာတွေ မိုးပေါ်ပျံနေချိန်မှာ
ငါ့ကျမှ အချစ်ဆိုတဲ့တွင်းနက်ကြီးထဲ ပြုတ်ကျသွားခဲ့ရတာ
ဘာအကုသိုလ်များလုပ်ခဲ့မိလို့ လဲ။

တောက်!
စင်္ကြဝဠာကြီးကို ဆွဲမှောက်
ချစ်ခြင်းမုန်းခြင်း ဆိုတဲ့ အရာတွေ
လောကကြီးထဲကလုံးဝပျောက်သွားအောင်
လက်စဖျောက်ပစ်လိုက်ချင်တယ်။

ကောင်းကင်ကို

3 comments:

  1. ချစ်ရတာကိုက သူ့အလိုလို အကုသိုလ်ကြီးနေတာလေ။

    ReplyDelete
  2. အချစ်ရဲ့နောက်မှာ ပိုင်ဆိုင်လိုစိတ်တွေ တွဲပါလာတော့ အကုသိုလ်ပဲပေါ့...ချိုမြိန်မြိန်၊ ခါးသက်သက် အဲဒီအကုသိုလ်ကို တွယ်ဖက်ချင်ကြတာမို့...စိတ်မပျက်နဲ့...ဒါသဘာဝလေ...

    ReplyDelete
  3. လက်စဖျောက်တော့မှာလားအကိုရ အဲလိုကြီးလုပ်ပါနဲ့အုံးဗျ...:P
    ဒီဥယျာဉ်ဂိတ်က ပိတ်ထားရင် ဟိုဘက်ဥယျာဉ်က ဂိတ်တံခါးဖွင့်နေတယ်အကို အဲဒါ သတင်းလာပေးတာဗျ...:D

    ReplyDelete