skip to main |
skip to sidebar
ဘဝကိုက စကားလုံးတွေပြုသမျှနုရမယ့်ကဗျာ။ငါဟာ ပန်းပွင့် နဲ့ လိပ်ပြာတို့ရဲ့ အချစ်ဆုံး ရင်သွေးဖြစ်တယ်။ခံစားချက်တွေ ဝတ်မှုန်ကူးတဲ့နေ့ မှာ ငါ့ကိုမွေးတယ်။ငါဟာ ရိုးသားတဲ့မာယာတွေနဲ့  အနုပညာ စကားထာဝှက်တယ်။ငါဟာ ဝိညာဉ်တွေနဲ့ လိုက်တမ်းပြေးတမ်း ကစားတယ်။တချို့ ကလည်း ငါ့ဓားတစ်ချက်မှာအားတက်ကြသတဲ့။ငါ့လက်သီးတစ်ချက်မှာလျှပ်စီးတွေ လက်ရမယ်။တချို့ က ငါ့ကိုနားမလည်ကြဘူး။တချို့ က ငါ့ကို ဝေးဝေးကရှောင်ဖို့ ပြောကြတယ်။ကိစ္စမရှိပါဘူး။ငါကလည်း ခပ်နိမ့်နိမ့် ပေတံတွေကို ဂရုမစိုက်ပါဘူး။ငါ့ဖြစ်တည်မှုနဲ့ ငါမြတ်နိုးသူတို့ ရဲ့  နှလုံးသားမှာရိပ်ရိပ်ကလေး ပွင့်တယ်။ဘာပဲဖြစ်ဖြစ်လေ၊အချစ်ကိုငတ်မွတ်လာတဲ့အခါမှာတော့လူတိုင်း ငါ့ကို ဦးညွတ်ရလိမ့်မယ်။ကောင်းကင်ကို
ကိစ္စမရှိပါဘူး။
ReplyDeleteငါကလည်း ခပ်နိမ့်နိမ့် ပေတံတွေကို ဂရုမစိုက်ပါဘူး။
ငါ့ဖြစ်တည်မှုနဲ့ ငါ
မြတ်နိုးသူတို့ ရဲ့  နှလုံးသားမှာ
ရိပ်ရိပ်ကလေး ပွင့်တယ်။
တင်စားထားတာလေးတွေလှတယ်.ညီလေးရေ
သိပ်ကောင်းတယ် ..... မြတ်နိုးသူတို့ရဲ့ နှလုံးသားမှာ ရိပ်ရိပ်ကလေး ပွင့်တယ် ။ :)
ReplyDeleteဟားဟားဟား..။ ကောင်းကင်ရေ.. ညီ့ကို လှောင်တာမဟုတ်ဘူးနော်။ အစ်ကိုက သဘောကျစရာ၊ ကျေနပ်နှစ်သက်စရာ တစ်ခုခုကို တွေ့ရ၊ မြင်ရ၊ ကြားရတဲ့အခါ ရယ်ချင်တယ်။ ဘ၀မှာ မရယ်ရတဲ့ အခါတွေကလည်းများတာကိုး။
ReplyDeleteအနူးညံ့ဆုံးစကားလုံးတွေနဲ့ အရဲရင့်ဆုံး စိန်ခေါ်ထားတဲ့ ကဗျာတစ်ပုဒ် လို့ ခံစားရတယ်။ ကဗျာဆရာရဲ့ သဘောထားနဲ့ ထပ်တူထပ်မျှသဘောတူပါတယ်။ အားပေးလျှက်..။
စကားလုံးတွေ ပြုသမျှ နုရမယ့်ကဗျာကို ခံစားသွားတယ်နော်...။ `ငါ့ဖြစ်တည်မှုနဲ့ငါ မြတ်နိုးသူတို့ရဲ့ နှလုံးသားမှာ ရိပ်ရိပ်လေးပွင့်တယ်´တဲ့... စာသားလေးတွေက လှလိုက်တာ...။ ကဗျာလေးက နွဲ့နွဲ့လေးနဲ့ အားမာန်အပြည့်ပဲ...။
ReplyDeleteGrading က လေးနှစ်စာမှာ ဒုတိယနှစ်တစ်ခုပဲ B...ကျန်တဲ့သုံးနှစ်က A သိလား...။ အသားဖြူကြောင်း ကြွားပြီးလို့ နောက်တစ်ခု ထပ်ကြွားတာ...:)