ဗိုလ်ချုပ်မှူးကြီးသန်းရွှေတစ်ယောက် နေပြည်တော်က သူ့ ရဲ ရုံးခန်းမှာ အလုပ်များနေပါတယ်။ ညွှန်ကြားချက်တွေကို လက်မလည်အောင်ပေးနေရပါတယ်။
“အော်၊ အဲဒါလား။ ပြည်သူအတုတွေလို့ ဝါဒဖြန့် ခိုင်းလိုက်ကွာ”
“ဒီ သံဃာတွေကိုလည်း သံဃာအတုတွေလို့ သာဝါဒဖြန့် ခိုင်းလိုက်”
“လွယ်ပါတယ်ကွာ၊ ဒေါ်စုကိုထောက်ခံတဲ့ တိုင်းရင်းသားတွေကိုလည်း တိုင်းရင်းသားအတုလို့ သတင်းထဲ ထည့်ခိုင်းလိုက်။အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်နေသူတွေလို့ ပါပြောလိုက်”
အဲဒီ့ အချိန်မှာပဲ သူ့ ရဲ့ လက်ကိုင်ဖုန်းက အသံမြည်လာပါတယ်။
သူ့ အချစ်တော် မြေးလေးဆီကပါ။
“ဖိုးဖိုးကြီးရေ၊ အိမ်မှာ ဘွားဘွားကြီး မကြီးမငယ်နဲ့ ကုတင်ပေါ်တက်တာ လိမ့်ကျပြီးတင်ပါးနာသွားတယ်။”
တစ်နေကုန်အတုချည်းပဲ ပြောနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလဲ ယောင်ပြီး
“ဟေ အဲဒါကြီးလည်း အစကတည်းက အစစ်မှ မဟုတ်တာ၊ အတုကြီးပဲ။”
ရေးသားသူ....ဂျင် (Mizzima News မှကူးယူဖော်ပြသည်။)
ရတု @ 2011
13 years ago
No comments:
Post a Comment