Saturday, September 4, 2010

ီDo or Commit? နှင့် အခြားကဗျာများ


Do or Commit?

ကိုယ့်ကိုယ်ကိုလှူရင်တော့
လှူခြင်း အထမမြောက်ဘူးတဲ့။
အပယ်ခံသားတယောက်
ကိုယ့်နားထင်ပေါ်ကိုယ် သေနတ်မောင်းအဖြုတ်
အဲဒီ့မှာ ဇာတ်လမ်းရှုပ်တော့တာပဲ။
ကောင်းကင်ကို

တဘက်သတ်ဆိုရင်
အတွေးတွေကို တောင်ပံလိုဖြန့်
၂၂၀၀ ခုနှစ်ဆီ ခရီးဆန့်လိုက်တယ်။
သက္ကရာဇ် အဝင်ဝမှာ
ကျနော်အဖမ်းခံလိုက်ရပါတယ်။
စိတ်ကြွဆေးလက်ဝယ်တွေ့ရှိမှုတဲ့
၂၀ ရာစု သမိုင်းစာအုပ်လေးတအုပ် သယ်သွားမိရုံနဲ့။
ကောင်းကင်ကို

သိမှုတို့ရဲ့ သဘော
ကောင်မလေးတယောက်ပေါ့
သူများ ပါးစပ်တွေကို
မျက်မှန်လိုတပ်ပြီး ငါ့ကိုအကြည့်
လူဆိုးတယောက်အဖြစ် သိသွားတယ်။
ကောင်းကင်ကို

6 comments:

  1. သိမူရဲ့သဘောနှင့် အခြားအခြားသော ကဗျာအတိုလေးများအားလုံးကို အခြားသေားကဗျာရှည်များကဲ့သို့ကြိုက်ပါတယ်
    (တဖက်သတ်မျက်နှာလိုက်ရေးတာလေ ဟိ)

    ReplyDelete
  2. ဟုတ်၏ ကိုယ်မသိတဲ့ သူစိမ်းကိုဆိုရင် သူများအပြောနဲ့ဆုံးဖြတ်ကြတာများတယ်

    ReplyDelete
  3. "လူဆိုးတယောက်အဖြစ် သိသွားတယ်။"
    ကောင်းမလေးက သိသွားတာလား။
    ကောင်မလေးကို သိလိုက်တာလား။
    အပြန်အလှန် သိကြတာလား။

    ReplyDelete
  4. ဘီဘီစီ နားထောင်ပြီး ရှာဖွေလာလည်ခဲ့ပါတယ်။

    ReplyDelete
  5. အဲလိုကဗျာတိုလေးတွေကျနော်စိတ်ဝင်စားတယ်ဗျ ကောင်းတယ်

    ReplyDelete
  6. just read this post, love the last poem the most, makes me smile, :) ..

    ReplyDelete