Saturday, May 15, 2010

ကွက်လပ်

ချစ်သူရဲ့ပေါင်ပေါ်မှာ
ကိုယ်စီအိပ်ပျော်နေတုန်း၊
တစုံတယောက်ရဲ့
ရိုက်အချိုးခံထားရတဲ့ ခြေထောက်
ဂိုးနားဆီကို လိမ်ခေါက် ဆွဲပြေး
ဂိုးရှေ့တည့်တည့်ကို ထိုးကျွေးလိုက်တယ်။
ဂိုးသွင်းမယ့်သူ မရှိဘူး။
ကောင်းကင်ကို

7 comments:

  1. ဂိုးသွင်းမယ့်သူမရှိရင်လဲ ကိုယ့်ဖာသာကို သွင်းလိုက်တော့နော် မောင်လေး ကောင်းကင်ထက်က ဒေါင်းသခင်ရေ

    ReplyDelete
  2. အဲ့ဒီဂိုးလ် ကျွန်တော်သွင်းမယ်း)

    ReplyDelete
  3. ဟားဟား။ ကျနော်က ချစ်သူပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ အထဲမှာ ပါတယ်လေ အမရ။

    ReplyDelete
  4. ဟုတ်လို့လား .. အိပ်ပျော်နေမှန်းမသိလိုက်ဘူး .. ဆောရီး .. ဟိ ။

    ReplyDelete
  5. ဂိုးသွင်းတာကို ဖျက်တဲ့သူကြောင့်လား။
    ဂိုးသွင်း ရဲ တဲ့သူမရှိတာလား။
    ဂိုးသွင်းမယ့်သူမရှိတာလား။
    ကျွန်တော်သေသေချာချာမမြင်လိုက်ဖူး
    ကျွန်တော်လဲ(လည်း)ချစ်သူပေါင်ပေါ်မှာ
    အိပ်ပျော်နေမိလားမသိဘူး။

    ReplyDelete
  6. ပယ်နယ်တီပေးကန် မလို့လား။
    အချိန်ပိုပေးမယ်ပေါ့လေ။
    ဂျပန်က ကဗျာစာဆိုတွေကလည်း သူတို့ချစ်သူပေါင်ပေါ်မှာ အိပ်ကြတာကို ကဗျာရေးကြတယ်။ ဒါပေမယ့် “ဂိုး”အကြောင်းတော့ မရေးကြဘူး။ သူတို့ က တကယ်အိပ်ပျော်နေတာလားမသိဘူး။

    ReplyDelete