အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့
အခုအခါ ပြန်မရနိုင်တဲ့ ဆေး။
အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
သားလက်ခုပ်ထဲကပန်းလေးတွေ
နွမ်းမသွား စေရပါဘူး အမေ။
အမေရေ…
ကြယ်တွေဆီ သွားဖို့ လမ်းပန်းခက်ခဲ
လူ့ဘဝ ကြိုးဝိုင်းထဲမှာ
မလွှဲသာ မရှောင်သာ
အင်အားမမျှတဲ့ပွဲတွေလည်း ပါတယ်။
အဲဒီ့အခါတိုင်း
အမေ့ မျှော်လင့်ချက်တွေနဲ့ ခြေရာတိုင်း
သား..အားတက်ပြီး တဒိုင်းဒိုင်းနဲ့ အလဲထိုး အနိုင်ယူပစ်လိုက်တယ်အမေ။
တခါတခါ
ကျောက်ဆောင်မှန်း ကြိုမသိရတဲ့ အရာတွေကို
အားကုန် ထိုးလိုက်မိလို့ 
လက်သီးတွေနာ၊ ခွန်အားပြုန်းတီး
သား အရှုံးကြီး ရှုံးသွားရင်တော့
ခေါင်းအုံးကို အမေ့ရင်ခွင် အမှတ်နဲ့ 
မျက်နှာအပ်ပြီး ငိုလိုက်တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကောင်းတယ်အစ်ကို ကဗျာလေးက ...
ReplyDeleteအမေ့ရင်ခွင်က ဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့တာ။ စိတ်ထဲမှာ မကောင်းဘူး ဒီကဗျားလေးဖတ်ရတော့။
ReplyDeleteနောက်ပိုင်းအကို့ကဗျာတွေ တော်တော့်ကို နွမ်းဖတ်လာတယ်နော်...စိတ်ဖိစီးမှု့တွေများတယ်ထင်တယ်။
ReplyDeleteကဗျာလေးကို လာဖတ်သွားပါတယ်။
ReplyDeleteနောက်ဆုံး အပိုဒ်လေးက စိတ်ထဲမကောင်းဘူးဖြစ်သွားတယ်။
ပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
တို့လည်း ခဏခဏ ကျောက်ဆောင်ကို သွားထိုးမိလို့ အနာတရတွေ ကြိမ်ဖန်များစွာ ရရှိခဲ့ဘူးပါတယ်... ဒီကဗျာလေးကိုလည်း ကြိုက်တယ်..
ReplyDeleteကဗျာတွေအားကြီးကိုတစ်နေရာထဲစုပြီးဖတ်ရတော့အားရတယ်
ReplyDeleteအဟီးအကုန်လုံးတော့တစ်ခါတစ်မဖတ်ဘူးလင့်ယူသွားတယ်
နည်းနည်းစီလာဖတ်မယ်
is that for Mother day?
ReplyDeleteVery nice one.
အမေအကြောင်း ရေးတဲ့ကဗျာလေးကို ဖတ်ရတာ အမေနေရာကနေပြီး အပြည့်အ၀ ခံစားရပါတယ်။ အမေ့ကျေးဇူးကို သိတတ်တဲ့ သားသမီးများ အရာရာ အောင်မြင်ပါစေ။
ReplyDelete