Sunday, March 21, 2010

ကဗျာ ယူနိုက်တက်

ကမ္ဘာကြီးရဲ့ တနေရာရာမှာ
ငြိမ်ငြိမ်ကုတ်ကုတ်နဲ့ 
စာလုံးတွေ စီပြီး ဟိုဖြုတ် ဒီဖြုတ်
ကဗျာရုပ်လေး လုပ်နေရတာ ဝါသနာပါတယ်။

အလုပ်လက်မဲ့ အက္ခရာတွေကို စည်းရုံး
စာသားသက်သက် တီးလုံးတွေနဲ့ 
စာမျက်နှာ ကွင်းအနှံ့ 
လကာင်္တွေကို တပ်ဖြန့် လိုက်ပြီ။

ရသဦးစားပေးလွန်းတဲ့
ကဗျာယူနိုက်တက် အသင်း
ရင်ဘတ်တွေထဲကို ဂိုးတွေတော့သွင်းနိုင်ပါတယ်။
ဒါပေမယ့် အမှတ်ပေးဇယားရဲ့ အောက်ခြေမှာ

တခါတခါ ထိုးနှက်မှုလွန်ကဲ
တချို့ရဲ့အကြိုက်နဲ့ လွဲရင်
Web 2.0 ကွင်းထဲမှာ
ချက်ခြင်း အဆဲခံရတတ်သေးတယ်။

ကိုယ်ကတော့
အသင်းရဲ့  လစာမဲ့နည်းပြ
အက္ခရာတွေ ကစားဖျော်ဖြေ နေသမျှ
ပီကေ အစား ပီတိကို ဝါးပြီး
ကြည့်နေရရင် ကျေနပ်တယ်။
ကောင်းကင်ကို

10 comments:

  1. ကဗျာယူနိုက်တက် နိုင်ပွဲတွေ ဆက်ပါစေဗျာ ကိုကောင်း။ :) good idea

    ReplyDelete
  2. ဒီဘလော့ဂ်က ကဗျာတွေ ဘယ်ကဗျာပဲဖတ်ဖတ် ရင်ထဲအထိရောက်တယ်ဗျာ။

    အတော်များများဖတ်သွားပါတယ်။

    ဘလော့ဂ်တွေလည်ရင် အချိန်မရတာနဲ့ ကွန်မန့်မပေးတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ရင်ဘတ်ချင်းတူနေတဲ့အတွက် မမန့်ဘဲမနေနိုင်လို့ မန့်ခဲ့ပါကြောင်း။

    ReplyDelete
  3. ပိတိစားအားရှိနိုင်ပါစေ ကိုကောင်း.......

    ReplyDelete
  4. ကဗျာလေးက ကောင်းမှကောင်း
    ပိတိလေးစားချင်လို့ တဖဲ့လောက်...း)

    ReplyDelete
  5. အစ်ကိုရေ ...
    ကဗျာယူနိုက်တက်
    ကမ္ဘာ့ ဖလားထက်သာတဲ့ ကဗျာ့ ဖလားကြီး ... ရပါစေ ... ။

    ReplyDelete
  6. ကဗျာတွေ အမြဲတမ်းလာဖတ်ဖြစ်ပါတယ် ဝမ်းနည်းမှုတွေဖြေသိမ့်ပေးနိုင်တယ်

    ReplyDelete
  7. အစ်ကိုရေ ကဗျာ ယူနိုက်တက် အသင်း အနိုင်တွေ ဆွတ်ခူးနိုင်ပါစေ ...း) ရေးတတ်လိုက်တာဗျာ ..

    ReplyDelete