ကင်းထောက်တွေ မရှိလောက်ဘူးအထင်နဲ့ 
ကိုယ့်မျက်ဝန်း ပြတင်းပေါက်ကနေ
သောကတွေ တစက်ပြီး တစက် ဖောက်ချလိုက်တာ
ကိုယ့်စိတ်က မြင်သွားတယ်။
ပဒေသရာဇ်အမိန့် ဆန်တဲ့ သူ့ စီရင်ချက်တွေအောက်မှာ
မိဘမဲ့သွားတဲ့ အလိုဆန္ဒများ
မလာတော့မယ့် ရထားကို စောင့်နေကြဆဲ။
ညက မက်တဲ့ အိမ်မက်ဆိုးအကြောင်းလား?
အချစ်ဆိုတဲ့ စာမေးပွဲမှာ
တလုံးလေးမှားလိုက်တာနဲ့ 
သုညပဲ ရခဲ့တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
အားပေလျှက်ပါ .. ကဗျာများများရေးနိုင်ပါစေ...
ReplyDeleteကိုကောင်းရဲ့ ရမှတ်လား...?
ReplyDeleteနောက်တစ်ခါ အမှတ်တစ်ရာရအောင်လုပ် ကိုကောင်း :D
ReplyDeleteပလေးဘွိုင် ကိုသန်းနိုင် စကားလို ...
ReplyDeleteအဲ့သီချင်း Intro လာလိုက်ပုံကြီးက လူကို မျက်ရည်တွေ ၊
ဘာတွေ ၀ဲထွက်သွားတယ် ဆိုသလို ...
ကိုကောင်းကင်ကို ကဗျာက First Verse မှာတင် စိတ်ကို
ညှို့ထားလိုက်ပုံက အသက်ပါလိုက်ပ ... :)
စိတ်မပူနဲ့အစ်ကို စာမေးပွဲကြေးသွင်းပြီး ပြန်ဖြေလို့ရတယ် :P
ReplyDeleteဆက်လျှောက် bro. ခင်ဗျားခရီးအတော်ပေါက်နေပြီ
ReplyDeleteခံစားသွားပါတယ်
ReplyDeleteကဗျာလေးကိုခံစားသွားပါတယ်
ReplyDeleteကောင်းကင်ကို
ReplyDeleteမောင်လေးရေ ဒီနေ့ ကမ္ဘာ့ကဗျာ နေ့ မှာ အမမောင်လေးဆိုဒ်ကို မအားတဲ့ကြားထဲ က ၀င်ကြည့်ဖြစ်တယ် ။ မောင်လေးကဗျာတိုင်းကသက်ဆိုင်ရာအကြောင်းရင်းတွေ နဲ့ အင်မတန် ထိမိတာမို့  လက်ရှိ ဖြစ်ပေါ်နေတဲ့ ဂယက်လေးတွေ အကြောင်း ရေးပါဦး
အမ မေအိခင်
ညက မက်တဲ့ အိမ်မက်ဆိုးအကြောင်းလား?
ReplyDeleteအချစ်ဆိုတဲ့ စာမေးပွဲမှာ
တလုံးလေးမှားလိုက်တာနဲ့ 
သုညပဲ ရခဲ့တယ်။
ဂွတ်တယ် ...း)
ဒီကဗျာလေးကိုလည်း အရမ်းကြိုက်ပါတယ်... :)
ReplyDelete