ရင်ခွင်အနှံ့ တိတ်တိတ်လေး တပ်ဖြန့်ပြီးခို
ခံစားချက်ချိုချိုတွေကို ကိုယ်စားပြုဖို့ 
ကဗျာ blog တွေကိုသွား
အက္ခရာတွေကို လိုက်ငှားကြည့်တော့လည်း
အားလုံးက ပေါ့နေ
စိတ်ကြိုက် တပိုဒ်တလေတောင် မတွေ့ ဘူး။
ငါပြောချင်နေတဲ့ စကားနဲ့ 
ကဗျာတွေပြောနိုင်တဲ့စကားက
ပန်းနဲ့ ကျောက်သားတွေလို ကွာနေတယ်။
ဒီလိုနဲ့ စိတ်ကိုပြောင်း
သီချင်းကောင်းလေးတွေရှိတတ်တဲ့ website ကို
နှလုံးသားဦး လှည့်လိုက်တယ်။
တကယ့် အရေးအကြောင်းကျတော့
အဲဒီ့သီချင်းတွေလည်း
ငါ့နက်နဲ တဲ့အချစ်ကို အသံလွှင့်ဖို့ 
ကြယ်တပွင့်အဆင့်တောင် မစွမ်းဆောင်နိုင်ဘူး။
ရုပ်ပုံတပုံမှာ
စကားလုံးပေါင်းများစွာပါသတဲ့။
အရောင်နဲ့ ရေးထားတဲ့ ကဗျာတွေဆီကိုသွားတယ်။
ဒါပေမယ့်….
အဲဒီ့ သက်တန့် ဆေးစက်တွေကလည်း
သူ့ ကို အရမ်းချစ်တဲ့ ငါ့သွေးစက်တွေအကြောင်း
ပေါ်လွင်အောင် စာလုံးမပေါင်းနိုင်ဘူး။
ခက်တယ်! ဘယ်လိုပြောပြ ရပါ့မလဲ။
ငါ့မျက်လုံးတွေက
ငါ့ဦးနှောက် ဘယ်၊ညာ နှစ်ခြမ်းလုံးကို
အဲဒီ့ သက်ရှိကဗျာလေး ဖတ်ပြလိုက်တိုင်း
ငါ့ရင်ခွင် ဘယ်ဘက်ခန်းထဲက
ပုံမှန် ခုန်နေကျ နာရီတလုံး
အမြန်နှုန်း အရမ်းမြင့်သွားတတ်တယ်ဆိုတာ။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကိုကောင်းကြီးလည်း ချစ်တတ်တယ်နော်။ စာသားတွေက နုပြီးလှနေတယ်။
ReplyDeleteဝါးးးးး၊ မိုက်လှချည်လား
ReplyDeleteသြော်..လက်စသတ်တော့ အချစ်ပါလား :D
ReplyDeleteဟားဟား။ ဟုတ်ပ။ ကောင်းကင်ကို ဘလော့ဂ် ဆို အဆိုးဆုံးပဲ :P
ReplyDeleteဟီးဟီး။ သက်သက်တင်စားတာပါဗျ။ ကျနော်ကြိုက်တဲ့ ကဗျာ ဘလော့ဂ်လေးတွေ အများကြီးရှိတယ်ဗျ။
(ပန်းနဲ့ကျောက်သား)မော်ကြည်သွားတယ်ဗျာ့၊ အဆိပ်ဝတ်မှုံ ငုံများမထားနိုင်ဘူးလား။
ReplyDeleteGood ပါ့ဗျာ
ReplyDeleteချစ်သောသူနဲ့  ခိုင်မြဲပေါင်းဖက်ရပါစေဗျာ။(ဆုတောင်း) ကဗျာသစ်များ ဆက်လက်မျှော်ဆဲ
ReplyDeleteမဖွဲ့တတ်ပေမဲ့လဲ အရမ်းကိုကောင်းနေတယ် . . .
ReplyDeleteတင်စားတာကလည်းဗျာ ... မိုက်တယ် ...
ReplyDeleteဒီကဗျာလေးကိုလည်း ကြိုက်တယ်။
ReplyDelete