Tuesday, February 9, 2010

ကဗျာစာအုပ်ထွက်တော့မည်


ကျနော့်ရဲ့ ကဗျာစာအုပ် "မကျွတ်သေးတဲ့ တစ္ဆေ" ကို ဖေဖော်ဝါရီ ၁၃ရက်နေ့ မှာ (ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ်) ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ ကဗျာစုစုပေါင်း ၅၅ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ အခြေစိုက် အလင်းရောင်စာကြည့်တိုက် မှ ထုတ်ဝေပေးတာဖြစ်ပါတယ်။ ကဗျာစာအုပ်ကို အပိုင်းဆယ်ပိုင်း ခွဲထားပါတယ်။

အပိုင်းတစ်…အိပ်မက်ထဲက ခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အမှတ်တရ ကဗျာပါ)
အပိုင်းနှစ်…နိုင်ငံရေးကဗျာစု
အပိုင်းသုံး…အမေ့အိမ်ကို လွမ်းဆွတ်မှု ကဗျာစု
အပိုင်းလေး…ရန်ကုန်
အပိုင်းငါး…ရင်ခုန်သံ ငါးဆယ့်လေး (ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကဗျာ)
အပိုင်းခြောက်…ဖောက်ထွက်တွေးကြည့်မှု ကဗျာစု
အပိုင်းခုနစ်….ကျောင်းသားဘဝနဲ့ တက္ကသိုလ်
အပိုင်းရှစ်…ပုဂ္ဂလိက ပေါက်ကွဲမှု
အပိုင်းကိုး…အချစ်ကဗျာစု၊ ဘဝကဗျာစု
အပိုင်းတဆယ်…ကဗျာအမြည်း၊စာအမြည်း

မျက်နှာဖုံးဒီဇိုင်းကို ဘလော့ဂါ ကိုအောင်သာငယ်က မေတ္တာဖြင့် ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။ ကျောဖုံးနဲ့ အတွင်း ပန်းချီသရုပ်ဖော်ကိုတော့ ကိုအောင်လတ်က ဆွဲပေးထားတာပါ။ စာအုပ်မှာ စာမျက်နှာ စုစုပေါင်း ၁၅၄ မျက်နှာ ပါဝင်ပါတယ်။ အောက်က PDF ဖိုင်ကတော့ အပိုင်းခွဲထားတဲ့ စာမျက်နှာတွေကို ရွေးချယ်ဖော်ပြထားတာ ဖြစ်ပါတယ်။

PageFrom_Final (Ma Kyut Thay Delt Ghost)

မျက်နှာဖုံးကတော့ ကာလာနဲ့ ဖြစ်ပြီး အတွင်းစာမျက်နှာတွေက အဖြူအမည်းနဲ့ ပါ။ စာအုပ်မှာချင်သူတွေ ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ အီးမေးလ်ကတော့ ကောင်းကင်ကို (0890347167) kaungkinko@gmail.com နဲ့ ကိုစံဂျူး 0894917309 (zawaung24@gmail.com) သို့ ဆက်သွယ်နိုင်ပါတယ်။

9 comments:

  1. လိုတော့ လိုချင်တယ် အစ်ကို။ ကျနော်က ပြည်တွင်းကဆိုတော့ ခက်မယ်နော်။

    ReplyDelete
  2. ကိုကောင်းကင်ကိုရေ အားပေးနေပါတယ်။

    ReplyDelete
  3. မှာမယ်။ ဖတ်မယ်။ အားပေးမယ်။

    ReplyDelete
  4. Congratulations! ပါ ကိုကောင်းကင်ကို..

    ရှေ့ဆက်ပြီးလည်း အောင်မြင်ပါစေ..

    "ကျွန်" ကဗျာကိုလည်း အလွန်နှစ်သက်ကြောင်းပါ...

    ReplyDelete
  5. ကွန်ကရက်ဂျုလေးရှင်းပါ ကိုကင်း

    ReplyDelete
  6. ကဗျာစာအုပ်ကြီးကို ကိုင်ကြည့်ချင်တာ
    စာအုပ်ရဲ့ အနံကိုလည်းခံစားချင်တာ
    ပို့ပေးမှာလား

    ReplyDelete
  7. ကောင်မလေးက ဘယ်သူလေးဗျ...။

    ReplyDelete
  8. ဟင်.. စာအုပ်ကလည်း စာအုပ်အင်္ဂါရပ်နဲ့ မညီဘူး။ ဒို့တာဝန် အရေးသုံးပါး မပါလို့ :D ။

    ဒီကလည်း လက်လှမ်းမှီရာ ဆက်သွယ်ပြီး အမှတ်တရ ၀ယ်သိမ်းထားမယ်ဗျာ။

    လေးစားလျှက်...

    ReplyDelete
  9. Upload လုပ်လို့ရရင် လုပ်ပေးပါ ကို ကောင်းကင်ကို ... ။ ဖတ်ချင်ပါတယ် ။ ရွှေပြည်မှာနေတော့လည်း ... :(

    ReplyDelete