Wednesday, January 20, 2010

အိပ်မက်ထဲက ခေါင်းဆောင်

ဂန္ဒီ… ၇၆နှစ်၊ ဟို…၅၅နှစ် တို့ နဲ့ ရင်ပေါင်တန်းလို့ 
တို့ နိုင်ငံရဲ့… ဟီးရိုးလက်တောက် ဗိုလ်ချုပ်အောင်ဆန်း
နယ်ချဲ့ စနစ်ကို… မီးခိုးကြွက်လျှောက် ပြိုလှုပ်အောင်စွမ်းခဲ့တယ်။

သူ့ အဖြူရောင် သန့် သန့် အချစ်တွေကို
အမည်းရောင်အောက်ခံခေတ်မှာ
ထင်ဟပ် ကြည့်ခွင့်ရတော့
သမိုင်းတခုဟာ ရင်သပ်ရှုမော။

ကွာတယ်…မိုးနဲ့ မြေလို ကွာတယ်
ကွာတယ်…သူခိုးနဲ့ အဖေလို ကွာတယ်
တံတွေးခွက်ထဲမှာ မျှောရင်း
သွေးကွက်ထဲမှာ တောနင်းလို့ 
သိုက်တူးနေကြတဲ့ သူတွေကြားမှာ…
ဝတ္ထုဇာတ်ကောင်ဆန်ဆန်
ငါးမူးတန်းကနေ ရုပ်ရှင်ကြည့်ခဲ့တဲ့ သူ့ကိုလွမ်းတယ်။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
သူ့ ကြောင့်လွတ်လပ်သွားခဲ့ဖူးတဲ့ နိုင်ငံမှာ
သူ့ ပုံကားချပ်တွေလိုက်ဝေတာဟာ
စွန့် စားပြီးလုပ်ရတဲ့ အလုပ်တဲ့။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
အာဇာနည်နေ့ မှာ
အာဇာနည်တယောက်ပုံပါတဲ့ အင်္ကျီတွေ
အာဇာနည်ကုန်းပေါ် ဝင်ခွင့်မရခဲ့ဘူး။

သြော်…
လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ
အဖ သွေးနဲ့ စိုက်ခဲ့တဲ့ပန်း
သားတို့ နမ်းခွင့်မရလိုက်ဘူး။
ကောင်းကင်ကို

12 comments:

  1. မိုက်တယ် အကိုရေ................
    အားပေးလျက်...

    ReplyDelete
  2. တို့အဖေအစစ်ကို
    အမျိုးတွေမစစ်တဲ့သူတချို့က
    ယူထုတ်မပြကြတော့ပဲ
    အမှိုက်ပုံအဟောင်းထဲ
    ချောင်ထိုးကောင်းနေကြဆဲ။
    တို့အဖေအမွေအနှစ်တွေကို
    သူခိုးတွေ အဆီရစ်ကာစား
    ပြည်သူ့ဘဏ္ဍာဆိုတာ
    သူတို့အိမ်ကမီးခံသေတ္တာများ။

    ReplyDelete
  3. နှလုံးသားထဲက တကယ်လာတဲ့ ကဗျာပါပဲ..။ တကယ်ကို လွမ်းပြီး မျက်ရည်လည်သွားရပါတယ်။

    ReplyDelete
  4. ကဗျာလေးကအရမ်းကောင်းတယ် . .အားပေးပါတယ်..

    ReplyDelete
  5. သိပ်ကောင်းတဲ့ကဗျာပဲ ကိုကောင်းကင်ရေ.. ကဗျာရဲ့အနှစ်သာရထဲမှာမျောရင် ၀မ်းနည်းဆိုနင့်မိပါတယ်ဗျာ...

    ReplyDelete
  6. အကိုရေ... ကဗျာလေးက ကောင်းသလို လွတ်လပ်ခြင်း မြေကိုနင်းနိုင်မယ့်တရက် ရောင်နီကို မျှော်လင့်နေကြပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  7. ၀ထ္ထုဇတ်ကောင် ဆန်ဆန်...
    ဆိုတဲ့ အပိုဒ်လေးအပြီးမှာ ၀ိညဉ်က မြောက်တက်သွားသလိုခံစားရတယ်။

    ReplyDelete
  8. လာဖတ်သွားတယ်နော် အရမ်းကောင်းတယ်။ ဟိုနေ့ကသရော်စာလည်းဖတ်ဖြစ်တယ်။ သူငယ်ချင်းကိုတောင်ဖေါ်ဝါ့လုပ်ပေးလိုက်သေးတယ်နော် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  9. ကဗျာလေးတွေ အားပေးလျက်...

    ReplyDelete
  10. အားလုံးရဲ့ခံစားချက်တွေကို အသက်ဝင်အောင်ဖန်တီးပေးနိုင်တဲ့ ကဗျာလေးအတွက် လေးစားလျက်ပါ အကို ... ကျနော်ရဲ့ facebook မှာလည်း share လုပ်ထားမယ်နော် .

    ReplyDelete
  11. အားလုံးရဲ့ခံစားချက်တွေကို အသက်ဝင်အောင်ဖန်တီးပေးနိုင်တဲ့ ကဗျာလေးအတွက် လေးစားလျက်ပါ အကို ... ကျနော်ရဲ့ facebook မှာလည်း share လုပ်ထားမယ်နော် .

    ReplyDelete
  12. ကဗျာတွေ လာဖတ်လို့ ကျေးဇူးပါ ညီလေးရေ။ အကို့ ကို တွေ့ ရင် မိတ်ဆက်လေ။ စကားပြောရတာပေါ့။

    ReplyDelete