Friday, January 1, 2010

မရှိခိုက်

တညတာ ပျော်စရာကမ္ဘာရောက်အောင်
ငါ့မှာ ဒေါ်လာတရာလောက်တောင် မရှိ။

မသိမသာ ရင်ခုန်ဖို့ 
ကြည့်စရာ ရင်တစုံလည်းမရှိ။

အကြားအာရုံနဲ အားလေးတွေယူဖို့ 
စကားကဗျာစုံနဲ့ အားပေးနေသူလည်းမရှိ။

ဂျော်နီဝါးကားတံဆိပ်အရက်နဲ့ 
တော်ကီများပွါး နှိပ်စက်မယ့် သူငယ်ချင်းလည်းမရှိ။

ဆာလောင်မှုကိုဖြည့်ဆည်းနေခိုက်ဟာ
လူ့ ဘဝရဲ့ အထွတ်အထိပ် အရသာတဲ့။

အာရုံသာရှိပြီး
အသပြာပုံ မရှိခြင်းနဲ့ 

အကုန်ရတာသိပြီး
သုညသာရှိခြင်းကတော့

အခံရ အခက်ဆုံး ကာလပဲ။

ကောင်းကင်ကို

10 comments:

  1. သုညတွေကို အနောက်မှာထားနိုင်ဖို့ဆုတောင်းပေးရင်း နှစ်သစ်မှာ ကိုကောင်းကင်ကိုပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  2. နီးနီးရှိရင်ကောင်းသား ဂျော်နီဝါးကားလေး ဆွဲလာပါတယ်း))

    Hap Hap Happpy Newww Yearrrr..!!!

    ReplyDelete
  3. ဂျော်နီလမ်းလျှောက်ပါရင်တော့ တော်ကီလာပွားပါတယ်ဗျာ။

    ReplyDelete
  4. ha ha ha ကဗျာလေးက စိတ်ရွှင်သွား တာပဲ

    ဒါနဲ့ မင်္ဂလာ အပေါင်း ခညောင်းတဲ့ နှစ်သစ် ၂၀၁၀ ဖြစ်ပါစေရှင် :)

    ReplyDelete
  5.ံ HAPPY NEW YEAR !

    ReplyDelete
  6. ကဗျာအရမ်း လန်းတယ် ဗျာ။ :D

    ReplyDelete
  7. မရှိတာတွေအတော်များနေပြီထင်တယ်.. ကဗျာဆရာတောင် ဘယ်ရှိမှန်းမသိတော့ဘူး ...

    ReplyDelete
  8. အရမ်းကြိုက်...

    ReplyDelete
  9. လူကြုံနဲ့ လဖက်ခြောက် တကျပ်ဖိုးဝယ်ပို့ပေးလိုက်မယ် ရေနွေးကျိုသောက်လို့ရအောင်။

    ReplyDelete
  10. ဦးကိုယေ လျှော့သောက်(ခါးပတ်)

    ReplyDelete